Friday, February 22, 2013

တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ အခြေချ နေထိုင်မှုတို့ကို အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူးပေါင်း အသိပေး ဖော်ထုတ်ပေးပါက ပိုမို ထိရောက်မည်




“မန္တလေးမြို့သို့ မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက်နေထိုင်မှုများ မဖြစ်စေရန် စနစ်တကျ စစ်ဆေးရမည်ကိုလည်း ကောင်းစွာသဘောပေါက်ပြီး ယခု အစိုးရသစ် လက်ထက်တွင် မိမိဝန်ကြီးဌာနက လေးစား လိုက်နာလျှက် ရှိပါတယ်၊

မိမိဌာနက ထုတ်ပေးထားသော အိမ်ထောင်စုလူဦးရေ စာရင်းများသည် တရားဝင် ထုတ်ပေး ထားခြင်းရှိ၊ မရှိ၊ ထုတ်ပေးမှုမှန်ကန်ခြင်းရှိ၊ မရှိ၊ အိမ်ထောင်စုစာရင်း မရှိဘဲ ဧည့်စာရင်းဖြင့် နေထိုင်ခြင်း၊ သို့မဟုတ် တရားမ၀င် နေထိုင်ခြင်းရှိ၊ မရှိ ရုံး လက်ခံ မှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးမှုများအား မန္တလေးတိုင်း ဒေသကြီးအတွင်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မမှန်မကန် ဆောင်ရွက်ခဲ့သည့် ၀န်ထမ်းများအား ထိရောက်စွာ စစ်ဆေး အရေးယူသွားမည် ဖြစ်ပြီး တရားမ၀င် နေထိုင်သူများအားလည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ အခြေချ နေထိုင်မှုတို့သည် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများကလည်း အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူးပေါင်း အသိပေး ဖော်ထုတ်ပေးပါက ပိုမို ထိရောက်မည်ကိုလည်း တပါတည်း အသိပေးလိုပါတယ်။”

ဦးကျော်ကျော်ဝင်း
ဒုတိယဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန
-----------------------------------------------------------------------
(၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က မန္တလေးမြို့တွင် မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက် နေထိုင်မှုကို စိစစ်ဖော်ထုတ် အရေးယူပေးရန် တင်ပြချက်အပေါ် ရှင်းလင်းဖြေကြားချက်မှ)

____________________________________
မျှဝေသူ-ဦးဇော်ဌေး(ခ) မှူးဇော်
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)