Saturday, September 29, 2012

ဘွဲ့မရသော အာရှသား ခရီးသွားများ မလာရဟု UAE ကန့်သတ်



ဒူဘိုင်း၊ စက်တင်ဘာ ၂၅

နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အမြောက်အမြား လာရောက် လည်ပတ်လေ့ ရှိသော အာရပ်စော်ဘွားများ နိုင်ငံ (UAE) သည် အာရှနိုင်ငံများမှ ကမ္ဘာလှည့် ခရီးသည်များကို ဘွဲ့ရမှ ၎င်းင်းတို့ နိုင်ငံသို့ လာရောက် လည်ပတ်ခွင့် ရမည်ဟု သတ်မှတ် လိုက်ကြောင်း တယ်လီဂရပ် သတင်းစာက ရေးသား ဖော်ပြထားသည်။

အာရှ နိုင်ငံသားများသည် ခရီးသွား ဧည့်သည် Tourist ဗီဇာမျာ

းဖြင့် UAE သို့ဝင် လာကြပြီး တရားမဝင် ရွှေ့ပြောင်း လုပ်သားအဖြစ် နေထိုင်တတ်ကြသောကြောင့် ဤသို့ ကန့်သတ်ချက် ထားလိုက် ရခြင်းဖြစ်ကြောင်း ယင်းသတင်း တွင် ဖော်ပြထားသည်။

UAE လူဝင်မှု ကြီးကြပ်ရေး အကြီးတန်း အရာရှိ တစ်ဦးကို ကိုးကားလျက် Gulf News သတင်းစာက ရေးသား ဖော်ပြထားသည်မှာ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ Tourist ခရီးသွား ဗီဇာ နှင့် လာသူများကို လက်မခံတော့ဟူ၍ ဖြစ်သည်။ အစီအစဉ်သစ် အရ ခရီးသွား ဗီဇာ လိုချင်သော အာရှနိုင်ငံသားများ အနေနှင့် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိကြောင်း အထောက်အထား ပြနိုင်ရတော့မည် ဖြစ်သည်။

“ဒီလို လူဝင်မှု ကြီးကြပ်ရေး ပေါ်လစီကို ချမှတ် ရခြင်းဟာဖြင့် ခရီးသွား ဗီဇာ၊ ညီလာခံ ဗီဇာတွေနဲ့ ကော်လာပြာ လုပ်သားတွေ အလုံးအရင်း ဝင်ရောက် လာနေတာကို ကန့်သတ်လိုခြင်း ဖြစ်ပါတယ်”ဟု အဆိုပါ အစိုးရ အရာရှိကြီးက ပြောကြားသည်။

ဤကဲ့သို့ အာရှမှ ဘွဲ့ရ ပညာတတ်များသာ တိုင်းပြည်အတွင်းသို့ ဝင်ခွင့် ပြုစေခြင်းဖြင့် အစုအဖွဲ့ ရာဇဝတ်မှုများ၊ လူကုန်ကူးမှုများ ရပ်တန့်သွားနိုင်ကြောင်း Gulf News သတင်းစာက ဖော်ပြထားသည်။

ခရီးသွား Tourist ဗီဇာများကို များသော အားဖြင့် ဟိုတယ်၊ လေကြောင်းလိုင်းနှင့် ခရီးသွား အေဂျင်စီများက တစ်ဆင့် လုပ်ဆောင်လေ့ရှိသည်။ UAE ဒူဘိုင်းတွင် ခရီးသွား ဧည့်သည် အရေအတွက် ကလည်း နှစ်စဉ် တိုးလျက် ရှိပြီး နိုင်ငံခြားသား အလုပ်သမားများလည်း သန်းပေါင်းများစွာ ရှိနေကာ အများစုမှာ တောင်အာရှ နိုင်ငံများမှဖြစ်သည်။

ပြည်ပမှ လာရောက် နေထိုင်နေသူ ဦးရေမှာ ၈ ဒသမ ၂ သန်း အထိ ရှိသည်။

REF: The Voice Weekly
Posted by Admin Team-NOM