Thursday, August 23, 2012

လွှတ်တော်က မှတ်တမ်းတင်မည့် အစီအစဉ်အား၊ ထိုသ၀ဏ်လွှာအပေါ် ကန့်ကွက်မှု ရှိနေသည့်အတွက် အစည်းအဝေးတွင် ထည့်သွင်းခဲ့


ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၁၇ ရက် ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာကို ယနေ့ (သြဂုတ် ၂၃) ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နာယကက ဖတ်ကြားပြီး လွှတ်တော်က မှတ်တမ်းတင်မည့် အစီအစဉ်အား၊ ထိုသ၀ဏ်လွှာအပေါ် ကန့်ကွက်မှု ရှိနေသည့်အတွက် အစည်းအဝေးတွင် ထည့်သွင်းခဲ့ခြင်း မရှိပေ။ ရခိုင်တိုင်းရင်းများတိုးတက်ရေးပါတီက နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော သ၀ဏ်လွှာထဲမှ အချက် ၉ ချက်ကို ကန့်ကွက်ထားကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

မူလက ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီအစဉ် နံပါတ် ၅ တွင် အဆိုပါ သ၀ဏ်လွှာကို နာယကက ဖတ်ကြားပြီး လွှတ်တော်က မှတ်တမ်းတင်ရန် ပါဝင်သည်။

Ref:7Days News