နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြဂုတ်လ
၂၄ ရက်နေ့ နံနက် ၁၀နာရီ ၁၀မိနစ် အချိန်က ဧရာဝတီတိုင်းဒေသကြီး
ညောင်တုန်းမြို့သို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတနှင့်အတူ တပ်မတော် (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူး
ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ လည်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ က
ျန်းမာရေးဝန်ကြီးဌာန
တို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူများ
လိုက်ပါလာခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည်
ညောင်တုန်းမြို့မှ ကျောင်းကုန်းမြို့နယ် ဇလပ်ကွင်း ကျေးရွာသို့
ဆက်လက်ထွက်ခွာသွားပြီး ရေကြီနစ်မြုပ်မှုကြောင့် လယ်မြေများ ပျက်စီးခဲ့ရသည့်
လယ်သမားများအား မျိုးစပါးများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
-ယနေ့ သြဂုတ်လ ၂၄ ရက်နေ့တွင် ကျင်းပသည့်
အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မေးခွန်း ၄ ခုနှင့် အစီရင်ခံစာ ၂ ခု
ဖတ်ကြားတင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ယနေ့ဖတ်ကြားတင်သွင်းမည့်
အစီအရင်ခံစာ (၂)ခုမှာ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏
အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့်
အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်
လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက ကော်မတီ၏ အစီရင်ခံစာကို
အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းတို့ ဖြစ်ကြောင်း သိရှိရပါသည်။
ref:EMG