Apple Inc.
၏ ရှယ်ယာဈေးနှုန်းမှာ တနင်္လာနေ့က စံချိန်တင်ပမာဏသို့ ရောက်ရှိခဲ့ပြီးနောက်
ယခုအခါ Apple သည် ဈေးကွက်တန်ဖိုး ၆၂၃ ဒသမ ၅ ဘီလျံဖြင့် ကမ္ဘာပေါ်တွင်
တန်ဖိုးအကြီးဆုံးကုမ္ပဏီ ဖြစ်လာခဲ့သည်။ Apple ၏ ရှယ်ယာဈေးနှုန်းမှာ
တနင်္လာနေ့က ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရှယ်ယာတစ်ခုလျှင် ၆၆၅ ဒသမ
၁၅ ဒေါ်လာဖြစ်သည်။
Apple ၏ ထုတ်ကုန်သစ်များဖြစ်သော iPhone 5, iPad Mini တို့ကို လာမည့် စက်တင်ဘာ ၁၂ ရက်တွင် စတင်မိတ်ဆက်မည့် သတင်းများကြောင့်လည်း ရင်းနှီးမြှုပ်နှံသူများက Apple ရှယ်ယာများအပေါ် အထူးစိတ်ဝင်စားလာကြခြင်း ဖြစ်သည်။
Apple သည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး ဖြစ်လာခဲ့သော်လည်း စတော့ဈေးကွက် သမိုင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံး စံချိန်တင်ခဲ့သော IBM ၏ ပမာဏကို မမီနိုင်သေးချေ။ IBM ကုမ္ပဏီသည် ၁၉၆၇ ခုနှစ်က ဈေးကွက်တန်ဖိုး ၁ ဒသမ ၃ ရီလီယံဖြင့် သမိုင်းတွင် စံချိန်တင်ထားနိုင်ခဲ့ကြောင်း RT News တွင် ဖော်ပြသည်။
Ref:PlanetMyanmar