Sunday, August 26, 2012

ပဲကုန်သည် နှစ်ဦး ထွက်ပြေး တိမ်းရှောင်ခြင်း မရှိဟုဆို

ရန်ကုန်၊သြဂုတ် ၂၆

လတ်တလော ပဲဈေးကွက် အတွင်း ထွက်ပြေး တိမ်းရှောင်မည့် ပဲကုန်သည်များ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က သြဂုတ်လ၂၆ရက်နေ့ ပြောကြားခဲ့ သော်လည်း ယင်းပဲကုန်သည် နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်မှု လုပ်

ရန် မရှိသေးကြောင်း မြန်မာနိုင်ငံ ပဲ၊ နှမ်း ကုန်သည် များအသင်း ဥက္ကဌဖြစ်သူ ဦးအုန်းဆ
ိုင်ကThe Voice Weekly သို့ အတည်ပြု ပြောကြားလိုက်သည်။

“ဒီလိုပြသနာတော့ ဖြစ်သွား ခဲ့ပါတယ်၊ဒီကိစ္စ အတွက် အသင်းအနေနဲ့ ဖြေရှင်း ပေးနေပါတယ်၊သူတို့တွေ ထွက်တော့ မပြေးပါဘူး၊ ဆိုးဆိုးဝါးဝါးလဲ ဖြစ်လာမှာ မဟုတ်ပါဘူး’’ဟု ၎င်းက ပြောဆိုသည်။

ယင်းပဲကုန်သည်များမှာ အမျိုသမီး ပဲကုန်သည် တစ်ဦးနှင့်အမျိုးသား ပဲကုန်သည် တစ်ဦးတို့ဖြစ်ပြီး ပြည်ပသို့ ပဲတန်ဖိုးငွေ ပေးရန် ကျန်ခြင်း ဖြစ်ပြီး အမျိုးသမီး ဖြစ်သူမှာ စင်္ကာပူ ကုမ္ပဏီ တစ်ခုသို့ ကန်ဒေါ်လာ ၄သိန်းကျော် ပေးသွင်းရမည် ဖြစ်ပြီး အမျိုးသားမှာ မည်၍မည်မျှ ပေးသွင်းရန် ကျန်နေသည်ကို သိရှိရခြင်း မရှိပေ။

၎င်းတို့နှစ်ဦးအား ယခုလ ၂၃ ရက်နှင့် ၂၄ ရက်များတွင်း အသင်းအနေဖြင့် ၀ယ်သူနှင့် ရောင်းသူကြား ကြားဝင်ညှိနှိုင်းပေးခဲ့ကြောင်းလည်း အဆိုပါ အသင်း ဒုဥက္ကဌဖြစ်သူ ထံက စုံစမ်း မေးမြန်း သိရသည်။

ယင်းဖြစ်စဉ်သည် ရန်ကုန်တိုင်း ကုန်စည်ဒိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Ref:The Voice