Thursday, August 30, 2012

ဘာလင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် IFA လူသုံးကုန်အီလက်ထရွန်နစ်ထုတ်ကုန်ပြပွဲတွင် Samsung ကုမ္ပဏီက ပွဲထုတ်မိတ်ဆက်ပေးခဲ့သည့် လူစိတ်ဝင်စားမှုအများဆုံး အီလက်ထရွန်နစ်ပစ္စည်းများအကြောင်း ပြည့်ပြည့်စုံစုံ စုစည်းတင်ဆက်ခြင်း

ဘာလင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် IFA လူသုံးကုန်အီလက်ထရွန်နစ်ထုတ်ကုန်ပြပွဲတွင် Samsung ကုမ္ပဏီက ပွဲထုတ်မိတ်ဆက်ပေးခဲ့သည့် လူစိတ်ဝင်စားမှုအများဆုံး အီလက်ထရွန်နစ်ပစ္စည်းများအကြောင်း ပြည့်ပြည့်စုံစုံ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

Android Jelly Bean နှင့် အရွယ်အစားကြီးမားသည့် screen ပါဝင်သည့် Galaxy Note II Phablet ကို Samsung ပွဲထုတ်မိတ်ဆက်

 

Galaxy Note II တွင် ၅.၅ လက်မ HD Super AMOLED screen ကိုအသုံးပြုထားပြီး ဘက်ထရီမှာလည်း ယခင်ထက် ၂၀ ရာခိုင်နှုန်းပိုမိုကြီးမားကြောင်း သိရသည်။ ယခင် Galaxy Note တွင် အသုံးပြုထားသည့် 1.4 GHz CPU အစား 1.6GHz quad-core CPU ကိုအသုံးပြုထားပြီး 2GB RAM နှင့် 3100mAh ဘက်ထရီကို အသုံးပြုထားသည်။Screen အရွယ်အစားမှာ ယခင်ကထက် ကြီးမားလာသော်လည်း resolution မှာ ယခင် 1280 x 800 မှ 1280 x720 သို့ အနည်းငယ်လျော့ကျသွားကြောင်းသိရသည်။ ဖုန်းပေါ်ရှိ port များ၏ နေရာကိုလည်း အနည်းငယ် ပြောင်းလဲထားပြီး သိုလှောင်မှုစနစ်များအနေဖြင့် 16GB, 32GB နှင့် 64GB တို့ဖြင့် ထုတ်လုပ်ထားသည်။

ကင်မရာအနေဖြင့် အရှေ့ဘက်တွင် 2-megapixel ကင်မရာပါဝင်ပြီး ကျောဘက်တွင် 8-megapixel ကင်မရာ ကိုအသုံးပြုထားသည်။ Samsung Galaxy S III တွင် မိတ်ဆက်ပေးခဲ့သည့် ဓာတ်ပုံဆော့ဖ်ဝဲများ ပါဝင်လာပြီး ဖုန်း၏ ဒီဇိုင်းမှာလည်း Galaxy S III ၏ ဒီဇိုင်းနှင့် အလွန်ဆင်တူသည်။

Air View feature သစ်ကို ထည့်သွင်းပေးထားသည့်အတွက် S pen ကို email နှင့် image gallery ကဲ့သို့ app တစ်ခုပေါ်တင်လိုက်သည့်အခါတွင် အချက်အလက်များကို preview အနေနှင့် ဖော်ပြပေးမည်ဖြစ်သည်။ အဆိုပါ Galaxy Note II ကို အောက်တိုဘာလတွင် တင်ပို့ရောင်းချမည်ဖြစ်ပြီး တန်ဖိုးကို ကုမ္ပဏီမှကြေညာ ထားခြင်းမရှိသေးသော်လည်း 3G အမျိုးအစားအတွက် အမေရိကန်ဒေါ်လာ ၈၀၀ ခန့်ကျသင့်နိုင်ကြောင်း သိရသည်။




 ကိုရီးယားအီလက်ထရွန်နစ်ကုမ္ပဏီ Samsung က Windows Phone 8 အသုံးပြုထားသည့် ကမ္ဘာ့ပထမဦးဆုံး စမတ်ဖုန်း Ativ S ကို ဘာလင်မြို့တွင်ကျင်းပသည့် IFA ပြပွဲ၌ မိတ်ဆက်ပြသခဲ့



 Vita ဆိုသည့်စာလုံးကို နောက်ပြန်ခေါ်ဆိုကာ အမည်ပေးထားသည့် Ativ S ကို ပါးလွှာသည့် ဒီဇိုင်းအသွင်ဖြင့် ပြုလုပ်ထားပြီး ၄.၈ လက်မအရွယ် HD Super AMOLED display, 1GB RAM နှင့် 1.5GHz dual-core processor တို့ကို အသုံးပြုထားသည်။ HSPA+42 နှင့် တွဲဖက်အသုံးပြုနိုင်ပြီး ဓာတ်ပုံရိုက်ကူးရန်အတွက် ဖုန်း၏ကျောဘက်တွင် 8-megapixel ကင်မရာနှင့် LED flash ပါဝင်ကာ အရှေ့ဘက်တွင် 1.9-megapixel front-facing ကင်မရာ ပါဝင်သည်။

MicroSD card နှင့် NFC အထောက်အပံ့များပါဝင်ပြီး သိုလှောင်မှုစနစ်အနေဖြင့် 16GB နှင့် 32GB အမျိုးအစား ဖြင့် ရရှိမည်ဖြစ်သည်။ 2,300mAh ဘက်ထရီကို အသုံးပြုထားသည့်အတွက် အမေရိကန်ဈေးကွက်အတွက် Music Hub နှင့် Media Hub ကဲ့သို့ Samsung app များပါဝင်သည်။ ဈေးနှုန်းနှင့် ရောင်းချမည့်နေ့ကိုမူ မသိရသေးပေ။




ကိုရီးယားအီလက်ထရွန်နစ်ကုမ္ပဏီ Samsung ကSamsung Galaxy Camera ကိုလည်းမိတ်ဆက်ပြသခဲ့ကြောင်းသိရသည်။


OS : Android 4.0 (Ice Cream Sandwich)
Screen (ဖန်သားမျက်နှာပြင်) : ၃လက်မ

Optical Zoom : ၁၀ဆ
Thickness (အထူ) : 16 mm (Samsung Galaxy S3 ထက် နှစ်ဆဝန်း ကျင်ထူ)

Resolution : 16 megapixels

Feature : Wi-Fi, Xenon Flash, အင်တာနက် Browser, Social Network များတွင် ဓာတ်ပုံ တင်နိုင်ရန် ထောက်ပံ့ပေးထား (Photography apps များ)
(အချက်အလက်တချို့က ကွဲလွဲနိုင်ပါတယ်)

Android OS သုံး ကင်မရာအနေနဲ့ကတော့ Nikon မှလည်း Coolpix S880C ဆိုပြီး ထုတ်လုပ်ထားပါတယ်။ ဒါကြောင့် Samsung ထုတ် Galaxy S Camera ဟာလည်း Android OS သုံးကင်မရာ ဖြစ်ပါတယ်။
 

Ref: CNET
Ref: InformationWeek
Ref:Myanmar Mobile App Store
Ref:TechSpace
Ref:Internet Journal