Tuesday, August 21, 2012

မကြာမီ ထွက်ရှိတော့မည့် Samsung Galaxy Note 2

၂၀၁၁ အောက်တိုဘာလက Samsung Galaxy Note ဖြန့်ချိပြီးနောက် နောက်ထပ် Galaxy Note မျိုးဆက် မကြာမီ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

အနီးဆုံးကတော့ လာမယ့် သြဂုတ်လ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ Galaxy Note 2 ကို တစ်ပါတည်း မိတ်ဆက်ဖို့ မျော်လင့်ထား ကြပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Note ကို Samsung Galaxy Note 2 ဖြစ်ပါ တယ်လို့ နိုင်ငံတကာ နည်းပညာ ဝဘ်ဆိုဒ်တွေ မှာ ဖော်ပြနေကြ ပါတယ်။ rumour အနေနဲ့ ထွက်ရှိလာတဲ့ ယင်း ဓာတ်ပုံထဲက Galaxy Note ကို တကယ်အစစ်ပါလို့ ယုံကြည်နေသူများ လည်း ရှိပါတယ်။

Android 4.1 (Jelly Bean) မဟုတ်ပဲ Android 4.0 (Ice Cream Sandwich) သာအသုံးပြုမှာ ဖြစ်တယ်လို့ Samsung မှ အရာရှိတစ်ချို့ က အင်တာဗျူးတွေမှာ ဖြေကြားထားပါတယ်။

အရွယ်အစားအားဖြင့်လည်း ယခင်ကလို ၅.၃ လက်မ မဟုတ်တော့ပဲ ဆိုက်အနည်းငယ်ပိုလာတဲ့ ၅.၅ လက်မ ဖြစ်မယ်လို့ဆိုပါတယ်။ ဒါကြောင့် Samsung Galaxy S III အကြီးစား တစ်ခု ဖြစ်လာနိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။ အသုံးပြုမယ့် Processor အနေနဲ့ Exynos quad-core processor သာဖြစ်ပြီး 2GB RAM နဲ့ တွေ့မြင်ရမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

Samsung Galaxy 10.1, Samsung Galaxy SIII တို့နဲ့ ဆွေမကင်းမျိုးမကင်း ထွက်ရှိလာမယ့် မျိုးဆက်သစ် Tablet တစ်ခုသက်သာဖြစ်တယ်လို့ နည်းပညာရှင်အချို့ က ဆိုပါတယ်။ သို့ပေမယ့် ယခင် Galaxy Note ထက် ဘာတွေထူးခြားလာမလဲကတော့ Note 2 ထွက်လာမှာ အမှန်တကယ် သိရမှာ ဖြစ်ပါတယ်။
----
Ref:Knowurmobile
Photo courtesy of knowurmobile. All Rights Reserved.

From :Techspace