Monday, June 4, 2012

ရခိုင်ပြည်နယ် ရခိုင်လူမျိုးများ နှင့် လူမျိုးခြား(မွတ်ဆလင်)များ၏ လူမျိုးရေးအဓိကရုဏ်း ဖြစ်ပေါ်လာနိုင်သော သတင်းများစုစည်းမှု

ယနေ့ညနေပိုင်း မှစတင်ကာ ရရှိလာသော ရခိုင်ပြည်နယ် ရခိုင်လူမျိုးများ နှင့် လူမျိုးခြား(မွတ်ဆလင်)များ၏ လူမျိုးရေးအဓိကရုဏ်း ဖြစ်ပေါ်လာနိုင်သော
သတင်းများစုစည်းမှု

Ref:အဘဥက္ကာကိုကို

ယနေ့ ၃ ရက်နေ့ ညနေနေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေးပြေးကားသည် တောင်ကုတ်မြို့သို့အရောက်တွင် တောင်ကုတ်မြို့သူမြို့သား ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင်လိုက်ပါလာသော မွတ်ဆလင်လူမျိုး ရှစ်ဦးကို ကားပေါ်မှဆွဲချ၍ သတ်ပစ်လိုက်ကြကြောင်း ယခုပင် သတင်းရရှိပါသည်။
ကျောက်နီမော်မှ မသီတာထွေးအား လူမျိုးခြားသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှု ၏ နောက်ဆက်တွဲအကျိုးတရားများမှ ယခုအခါ လူမျိုးရေးအဓိကရုဏ်းပုံစံ များသို့ ကူးပြောင်းလာနေခဲ့သည်။ တောင်ကုတ်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များမှာ ကျောက်ဖြူမြို့သို့ လုံခြုံရေးယူရာ ထွက်ခွာသွားကြချိန်တွင် ယခုကဲ့သို့ သတ်ဖြတ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မသီတာထွေးအမှုမှ တရားခံသုံးဦးကို ကျောက်ဖြူမြို့တွင်ထားရှိသဖြင့် ရခိုင်ပြည် မြို့နယ်၊ ကျေးရွာများမှ ပြည်သူများက ကျောက်ဖြူမြို့သို့ သွားရောက်ကာ ဆန္ဒပြအုံကြွမှုများ ဖြစ်ပေါ်နေသောကြောင့် ရဲတပ်ဖွဲ့အင်အားများ စေလွှတ်ခဲ့ရခြင်းဖြစ်သည်။
တောင်ကုတ်မြို့မှ လုပ်ငန်းရှင်ကြီးတစ်ဦးက တောင်ကုတ်ရှိ စစ်တပ်သို့အကြောင်းကြားရာ တပ်ရင်းမှူးက မြို့ပြစံမံအုပ်ချုပ်ရေးကိစ္စမှာ ယင်းနှင့်မဆိုင်ပါကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။ ယခုတွင် အသတ်ခံရသူ မွတ်ဆလင် ၈ ဦး၏ အလောင်းများကို တောင်ကုတ်၊ ညဈေးရှေ့တွင် စုပုံထားသည်ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်အကြောင်းကြားသည်။
-------------------------------------------------------------
Ref:အဘဥက္ကာကိုကို

သံတွဲမှ ရန်ကုန်သို့ထွက်ခွာလာသော မော်လ၀ီဆရာ(ဟာဂျီဘွဲ့ခံ)များ ပါဝင်သည့် ရိုးမသစ္စာကားကို တောင်ကုတ်မြို့အရောက်တွင် မြို့ခံများက ဆိုင်ကယ်အစီး ၃၀ ကျော်ဖြင့်ပိတ်ဆို့ တားဆီးကား ဦးစွာယာဉ်မောင်းကိုဆွဲချခဲ့သည်။ ယာဉ်မောင်းနှင့် ၎င်း၏မိန်းမတို့မှာ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ကားပေါ်တွင်ပါလာသူများကို ၀ိုင်းဝန်းသတ်ဖြတ်ကာ ကားပေါ်မှဆွဲချ၍ လမ်းပေါ်တွင်စုပုံထားခဲ့သည်။ထိုသို့အခင်းဖြစ်နေစဉ် တောင်ကုတ်မြို့ ဆေးရုံအုပ်ဟောင်း
ဒေါက်တာစံနိုင်ရောက်ရှိလာပြီး ဖျောင်းဖျဖျန်ဖြေသဖြင့် ၎င်း၏စကားကိုနားထောင်ကာ လူထုမှာ လူစုခွဲသွားခဲ့သည်။ ““နောက်တစ်ခါဘယ်ကားဖြစ်ဖြစ် ကုလားတွေသယ်မလာနဲ့””ဟု အော်ဟစ်ခဲ့ကြသည်ဟု သိရသည်။

အလောင်းများကို ခရိုင်ရဲမှူးကြီးမှ တာဝန်ယူထိန်းသိမ်းလိုက်ပြီဖြစ်သည်။
သံတွဲမြို့တွင်လည်း သေဆုံးသူတို့၏ အလောင်းများကို ပြန်ပေးရန် သံတွဲမြို့ခံ မွတ်ဆလင်များက ခရိုင်ရုံးတွင် သွားရောက်တောင်းဆိုနေကြပြီး မြို့ခံများမှာ မိမိကိုယ်ကိုယ် ကာကွယ်ရန် အသင့်ပြင်ဆင်နေကြသည်ဟု ဒေသခံတစ်ဦးကဆိုသည်။

တောင်ကုတ်မြို့တွင် ရဲတပ်ဖွဲ့အင်အားများကို ကျောက်ဖြူမြို့သို့ ပို့ဆောင်ထားသဖြင့် လက်ရှိတွင် စစ်တပ်မှ အသင့်အနေအထားဖြင့် တာဝန်ယူနေပြီဖြစ်ကြောင်း သိရသည်။

-----------------------------------------------------------------------
Ref:The Voice Weekly

[Breaking News]

သံတွဲမှ ရန်ကုန်သို့ ထွက်ခွာလာသော ရိုးမသစ္စာ ခရီးသည်တင်ယာဉ်အား တောင်ကုတ် - သံတွဲ လမ်းဆုံတွင် ဒေသခံ ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင် လိုက်ပါလာသည့် လူမျိုးခြား ဆယ်ဦးခန့်ကို ကားပေါ်မှ ဆွဲချ၍ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ဆက်သွယ် ပြောကြားချက်အရ သိရှိရသည်။

လွန်ခဲ့သော မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ ဒေသခံ ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ဦးကို လူမျိုးခြား သုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ခြင်းကြောင်း ယခုကဲ့သို့ လက်တုံ့ပြန်မှုများ ဖြစ်ပွားခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း တောင်ကုတ် ဒေသခံအချို့က ပြောကြားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ရိုးမသစ္စာ ခရီးသည်တင်ယာဉ်လိုင်း ရန်ကုန်ရုံးသို့ အတည်ပြု ဆက်သွယ် မေးမြန်းခဲ့ရာ ဖြစ်စဉ် ဖြစ်ပွားသည်မှာ မှန်ကန်သော်လည်း အဆက်အသွယ် ပြတ်တောက်နေသဖြင့် သေဆုံးသူ ဦးရေနှင့် ပတ်သက်၍ အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။
-------------------------------------------------------------------------
လူသတ်မှုဖေါ်ထုတ်ပေးရန် စစ်တွေ ရဲစခန်းကို လူထောင်ချီ တောင်းဆို
Ref:Yangon Press International

ည ၉နာရီခွဲ၊ ဇွန်လ ၃၊ ၂၀၁၂၊ YPI

စစ်တွေမြို့အနီး နာဇီရွာတွင် ရခိုင်အမျိုးသားတဦး အသတ်ခံရသည့် သတင်းထွက်ပေါ်သော်လည်း အသတ်ခံရသူ၏ အလောင်းကို ရှာမတွေ့သဖြင့် စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ထောင်နှင့်ချီသည့်စစ်တွေမြို့ခံ များက ၀ိုင်းဝန်းတောင်းဆိုလျှက်ရှိသည်ဟု တောင်းဆိုသူ တဦးက ပြောသည်။

နာဇီကျေးရွာမှာ အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့်ရွာအဖြစ် သိရှိထားကြသည့်ကျေးရွာလည်းဖြစ်သည်။ ယင်းလူသတ်မှုကို အရေးယူပေးရန် အမှတ် (၁) ရဲစခန်းအား ညနေ ၅နာရီဝန်းကျင်ကတည်း ၀ိုင်းဝန်းတောင်းဆိုလျှက်ရှိကြရာ ယနေ့ည ၉နာရီကျော်ထိ လူစုမကွဲသေးကြောင်းလည်း တောင်းဆိုသူက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအနီး သပြေချောင်းကျေးရွာမှ မိန်းကလေးငယ်တဦး အဓမ္မပြုကျင့် အသတ်ခံရသည့် အဖြစ်အပျက်ကြောင့် ကျူးလွန်သူများကို သေဒဏ်ပေးရန် တောင်းဆိုမှုများလည်း ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျှက်ရှိစဉ် ယခုဖြစ်ရပ် ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ။

more update news >>

https://www.facebook.com/newsofmyanmar