ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသော တက်္ကသိုလ်ကျောင်းသားများကို ကျောင်းပြန်တက်ခွင့်ပြုဖွယ်ရှိ
၂၀၀၇ စက်တင်ဘာလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော တက္ကသိုလ်ကျောင်းသား များကို
သက်ဆိုင်ရာတက်္ကသိုလ်အသီးသီး တွင် ကျောင်းပြန်လည်တက် ခွင့်ပြုဖွယ်ရှိကြောင်း
သိရသည်။ ကျောင်းတက်ခွင့်ရှိရေးကို ခေါ်ယူဆွေးနွေး သွားမည်ဟု မေ၃၀ရက် နံနက်
၁၀နာရီခွဲက တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း အနောက်ပိုင်း
တက္ကသိုလ်၊ ဘူမိဗေဒနောက်ဆုံးနှစ် ကျောင်းသား ကိုဒီငြိမ်းလင်းကပြည်သူ့ခေတ် သို့ပြောသည်။
အကျဉ်းထောင်မှပြန်လည်လွန်မြောက်
“ ပြစ်ဒဏ်တစ်ခုအပေါ်မှာ နှစ်ကြိမ်(Double Punishment)ပေးသလိုမျိုး၊
ကျွန်တော်တို့ရဲ့ ဘ၀ရှေ့ရေးအတွက် ပညာရေးကို ထပ်မံပိတ်ပင် တဲ့သဘောဆောင်
လာတဲ့အတွက်ကြောင့် နိုင်ငံတော်သမ္မတကြီးဆီကို စာပို့တယ်၊
နိုင်ငံတကာအဖွဲ့အစည်းတွေ ဆီကိုလည်း ပန်ကြားတယ်”ဟု
ရန်ကုန်စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုစည်သူမောင်
ကပြောသည်။
ကျောင်းပြန်တက်ခွင့်ရရှိရေးကို သက်ဆိုင်ရာတက္ကသိုလ် အသီးသီး မှ ကျောင်းသားများ၊ကျောင်းသားမိဘမျ
“ကျောင်းတက်ခွင့်ပြုမယ်လို့ ကျွန်တော်ထင်ပါတယ်၊ သမ္မတဆီက ဒီလိုသံကြားရဖို့
နှစ်ပေါင်းများစွာ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတယ်” ဟု
ကိုဒီငြိမ်းလင်းကပြောသည်။
ကျောင်းပြန်တက်ခွင့်ရရှိခဲ့ခြင်
အလားတူ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းကြခံခဲ့ရသူ ဒဂုံတက္ကသိုလ်
ဥပဒေကျောင်းသူ မဟန်နီဦး ကကျောင်းတက်ခွင့်အတွက် တက္ကသိုလ် တွင်လျှောက်လွှာတင်
ခဲ့သော်လည်း သူ့ထံအကြောင်းတစ်စုံတစ်ရာပြန် ကြားခြင်းမရှိသေးကြောင်းပြောသည်
ရန်ကုန်စီးပွားရေးတက်္ကသိုလ်မှ ကျောင်းသား ၃ဦး ၊ အနောက်ပိုင်း တက္ကသိုလ်မှ
၂ဦး ကို တက်္ကသိုလ်မှတာဝန်ရှိသူများက ခေါ်ယူဆွေးနွေး မည်ဖြစ်ကြောင်းသိရသည်။
၂၀၀၇ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ဦးဆောင်ပါဝင်ခဲ့ကြသူများ
ဖမ်းဆီးအကျဉ်းကျခံခဲ့ရပြီး တက္ကသိုလ်အသီးသီးမှ ကျောင်းသူ ၊ ကျောင်းသား
အများအပြားကို ကျောင်းသားစာရင်းမှ ပယ်ဖျက်ခဲ့သည်။
Ref:ပြည်သူ့ခေတ်
Tuesday, June 5, 2012
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသော တက်္ကသိုလ်ကျောင်းသားများကို ကျောင်းပြန်တက်ခွင့်ပြုဖွယ်ရှိ
6:03 PM