မြန်မာသမိုင်းတွင် ထင်ရှားသော ဘုရား၊ စေတီများ အပါအ၀င် ဘုရားစေတီ ၁၀၀ကျော် တည်ရှိရာ မုံရွာမြို့အနီး ဖိုလ်ဝင်တောင်တွင် ဩဂုတ်လ ၁၁ ရက်နေ့ နေ့လယ် (၁၁း၀၀) ခန့်က ပြင်သစ် ဧည့်လမ်းညွှန် အမျိုးသမီး တစ်ဦး ဦးဆောင်လာသော ပြင်သစ်ဧည့်သည် (၁၀) ဦးထဲမှ အမျိုးသမီး တစ်ဦးသည် ဖိုလ်ဝင်းတောင်၊ ဝင်္ကဘာ လိုဏ်ဂူအပေါ်အဆင့်ရှိ ရန်ကုန်လိုဏ်ဂူ အတွင်း မစင်စွန့်ခဲ့ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန် များအသင်း (မန္တလေး) က သတင်း ထုတ်ပြန်သည်။
ယင်းနေရာ အနီးရှိ မျောက်စာ ရောင်းသူများမှ အိမ်သာရှိရာ နေရာကို ညွှန်ပြခဲ့ပါသော်လည်း ၄င်းတို့က အိမ်သာသို့ မသွားဘဲ အထက်ပါ နေရာတွင် မစင်စွန့်ခဲ့ခြင်း ဖြစ်ကြောင်း မှတ်တမ်းတင် ဓာတ်ပုံများ နှင့်တကွ မြန်မာနိုင်ငံ ဧည့်လမ်းညွှန် များအသင်း (မန္တလေးဇုံ) သို့ သတင်းပေးပို့ကြောင်း ယင်းသတင်းတွင် ဖော်ပြပါရှိသည်။
Ref:The Voice
Monday, August 13, 2012
ဖိုလ်ဝင်တောင်ရှိ လိုဏ်ဂူတွင် ပြင်သစ် ကမ္ဘာလှည့် အမျိုးသမီး တစ်ဦး မစင်စွန့်
7:11 PM
နယ်သတင်းများ