လွှတ်တော်အစည်းအဝေးများ၏
ဆွေးနွေးချက်များကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပေးရန်
အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒ နယ်)။
ကျွန်တော့်မေးခွန်းကတော့ (က) ပြည်သူလူထုသည် ပြည်ထောင်စုလွှတ်တော်၊
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း ဒေသကြီး သို့မဟုတ်
ပြည်နယ်လွှတ်တော်များ၏ အစည်းအဝေးများကို စိတ်ဝင်စားပြီး သတင်းအချက်
အလက်အပြည့်အစုံ ကြားသိလိုကြသည်ကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သိပါသလား။
(ခ) အာဖရိကတိုက်ရှိ နိုင်ငံငယ်တချို့သည်ပင်လျှင် လွှတ်တော်အစည်းအဝေး၏
အခင်းအကျင်းနှင့် ဆွေးနွေးချက်များကို ၎င်းနိုင်ငံရှိ
ရုပ်မြင်သံကြားအစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြနေသည်ကို သိပါသလား။ (ဂ)
မြန်မာနိုင်ငံတွင်လည်း စတုတ္ထအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊
အမျိုးသားလွှတ်တော် အစည်းအဝေးများ၏ အစီအစဉ်များနှင့် ဆွေးနွေးချက်များကို
မြန်မာ့ရုပ်မြင် သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိပါသလား။
(ဃ) အစီအစဉ်ရှိပါက မည်သည့် အချိန်၌ မည်ကဲ့သို့ ထုတ်လွှင့်ပေးမည်ကို
သိလိုပါသည်။ ကျေးဇူးတင်ပါတယ်။
ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒ