ဒီလိုမြင့်တက် လျက်ရှိရာမှာ ကမ္ဘာ့ရွှေဈေးကွက် မှာလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်ကျော်ခန့်က အမေရိကန် ဒေါ်လာ တစ်ထောင့် ခြောက်ရာ တစ်ဆယ့်လေး ရှိပြီး သြဂုတ်လ ၂၂ ရက်နေ့ မှာတော့ အမေရိကန် ဒေါ်လာ တစ်ထောင့် ခြောက်ရာ သုံးဆယ့်ရှစ် အထိ တဖြည်းဖြည်း မြင့်တက် လာတာ ဖြစ်ပါတယ်။ အဲ့ဒီလို ကမ္ဘာ့ရွှေဈေး မြင့်တက်လာ ပေမယ့်လည်း ပြည်တွင်းက ရွှေဈေးမှာ ကမ္ဘာ့ဈေးနဲ့ နှိုင်းယှဉ်ရင် ကျပ်ငွေ တစ်သောင်း ငါးထောင်ခန့် လျော့နည်းလျက် ရှိပါတယ်။ ဒါ့အပြင် ပြည်တွင်း ရွှေဈေးဟာ နောက်ပိုင်းမှာ ဈေးအများကြီး မြင့်တက် သွားဖို့မရှိဘဲ အခုလက်ရှိ ဈေးနှုန်း အတိုင်းသာ ဆက်လက် တည်ရှိ နိုင်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူရဲ့ သုံးသပ် ပြောကြားချက် အရ သိရပါတယ်။
Ref:MRTV-4