Saturday, August 25, 2012

Developer Conference 2012-Yangonကို စက်တင်ဘာ လလယ်တွင် ကျင်းပမည်


မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ ကြီးမှူးပြီး Developer Conference 2012-Yangon ကို စက်တင်ဘာ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ မြန်မာ အင်ဖိုတက်ခ်မှာ ပြုလုပ် သွားမယ်လို့ အဆိုပါပွဲ ကျင်းပမှုနဲ့ ပတ်သက်ပြီး သြဂုတ်လ ၂၃ ရက်နေ့ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါ ရှင်းလင်းပွဲမှာ ပြောကြားချက်အရ ကွန်ဖရန့်စ်ကို တက်ရောက် လိုသူတွေဟာ သြဂုတ်လ ၂၂ ရက်နေ့က စတင်ကာ ငွေကျပ် ငါးထောင် ပေးသွင်းပြီး စာရင်းပေး နိုင်တာ ဖြစ်ပါတယ်။

ဒီလို စာရင်း ပေးသွင်းမှုကို မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း ရုံးခန်းမှာ စာရင်းသွင်း နိုင်သလို အွန်လိုင်း ကလည်း စာရင်းပေးသွင်း နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထည့်ဝင်ငွေ ကိုလည်း အသင်း ရုံးခန်းမှာ သာမက နီးစပ်ရာ ကမ္ဘောဇဘဏ် ကနေ တစ်ဆင့်လည်း ပေးပို့နိုင်တယ်လို့ သိရပါတယ်။ ဘဏ်မှ ပေးပို့မယ် ဆိုရင်တော့ MCPA(Yangon) 0211160000427 current account နဲ့ပေးသွင်း နိုင်တာ ဖြစ်ပါတယ်။

အခုလို Developer Conference 2012-Yangon ကို ကျင်းပပြုလုပ် ရတာဟာ အိုင်တီနယ်ပယ် အတွင်း အသိပညာ ဗဟုသုတ တိုးပွားစေဖို့နဲ့ တက်ရောက်သူ အချင်းချင်း အသိပညာ ဖလှယ် နိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုင်တီ အသုံးချ ဆော့ဖ်ဝဲလ်ကောင်း တွေကို တီထွင် ဖန်တီးရေးဆွဲ နိုင်တဲ့ Developer တွေပေါ်ထွက် လာစေဖို့လည်း ရည်ရွယ် တယ်လို့ သိရပါတယ်။ အခု ပြုလုပ်မယ့် Conference ဟာ ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပထမအကြိမ် မှာတော့ လူပေါင်း တစ်ထောင်နီးပါး တက်ရောက် ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။

Ref:MRTV-4