Showing posts with label စီးပွားရေး. Show all posts
Showing posts with label စီးပွားရေး. Show all posts

Monday, August 20, 2012

ဦးပိုင်မှ ထားဝယ် ရေနက်ဆိပ်ကမ်းအနီးတွင် တရုတ်နည်းပညာဖြင့် ရေနံချက်စက်ရုံတစ်ရုံ တည်ဆောက်မည် ၊ စက်ရုံတည်ဆောက်မည့် စက်မှုဝန်ကြီးဌာနပိုင် မြေနေရာကို ကျပ်သန်းပေါင်း ၂၆၀၀ ဖြင့် ၀ယ်ယူခဲ့ကြောင်း သိရ




မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ထားဝယ်ရေနက် ဆိပ်ကမ်းအနီးတွင် ရေနံချက်စက်ရုံတစ်ရုံ တည်ဆောက်ရန် မြေနေရာဝယ်ယူကာ ပြင်ဆင်လျက်ရှိကြောင်း အဆိုပါ စီမံကိန်းကို တည်ဆောက်ရာတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

လောင်းလုံမြို့နယ် အတွင်းရှိ စက်မှုဝန်ကြီးဌာနပိုင် ဆီအုန်းခြံနေ ရာတွင် တည်ဆောက်ရန် စီစဉ်ထားကြောင်း၊ အဆိုပါ ဆီအုန်းခြံနှင့် စက်ရုံမြေနေရာမှာ ဧရိယာ ၁၆၃၆ ဧကကျယ်ဝန်းကြောင်း သတင်းရရှိပါသည်။

အဆိုပါမြေနေရာကို မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်မှ ကျပ် သန်းပေါင်း ၂၆၀၀ ဖြင့် ၀ယ်ယူထားခြင်းဖြစ်ပြီး စက်မှုဝန်ကြီးဌာနမှဝယ် ယူထားကြောင်း ကနဦးရရှိသည့် သတင်းများအရ သိရသည်။

“ကျွန်တော်တို့ ရေနံချက်စက်ရုံဆောက်မှာ သေချာပါတယ်။ တည်ဆောက်ဖို့အတွက် လောင်းလုံ ဆီအုန်းခြံနဲ့ စက်ရုံကို စက်မှုဝန်ကြီးဌာန ကနေ ၀ယ်ထားပါတယ်။ ကျပ်သန်း ပေါင်း ၂၆၀၀ နဲ့ဝယ်တယ်လို့ပြောရ မှာပေါ့”ဟု အဆိုပါ စက်ရုံတည်ဆောက်မှု စီမံကိန်းတွင် ပါဝင်သည့် တာဝန် ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ရေနံချက်စက်ရုံ တည်ဆောက်ရာတွင် တရုတ်နိုင်ငံတွင် လက်ရှိ တည်ဆောက် လည်ပတ်နေသည့် ရေနံချက်စက်ရုံဖြင့် ပုံစံတူအတိုင်း အသစ်တည်ဆောက်မည်ဟုလည်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

“ဆောက်ဖြစ်မယ်ဆိုရင် ဒီရေနံချက်စက်ရုံ တည်ဆောက်မှုနဲ့ ပတ်သက်ပြီးတော့လည်း မီဒီယာတွေကို ခေါ်ယူပြသ အသိပေးမယ့်အစီအစဉ်လည်း ရှိမှာပါ။ နည်းပညာက တရုတ်နိုင်ငံမှာ လက်ရှိတည်ဆောက်ထားပြီး လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံအတိုင်းဒီမှာ အသစ်တည်ဆောက်မှာပါ” ၎င်းကဆက်လက်ပြောပြခဲ့သည်။

လောင်းလုံဆီအုန်းခြံမှာ ထားဝယ်ခရိုင်အတွင်း အကြီးဆုံး ဆီအုန်းခြံနှစ်ခုတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး အဆိုပါ ဆီအုန်းခြံသက်တမ်း မှာနှစ် ၃၀ မှနှစ် ၄၀ ကြား ရှိကြောင်း သိရသည်။

လက်ရှိတွင် လောင်းလုံဆီ အုန်းခြံအပြင် အခြားဆီအုန်းခြံကြီး တစ်ခုဖြစ်သည့် ပုဂေါဇွန်းဆီအုန်းခြံကိုလည်း ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိပါသည်။

“ဒီခြံကို ငါးလပိုင်းကတည်းက စရှင်းနေတာပါ။ ကျွန်တော်တို့က ၀မင်းကုမ္ပဏီကမဟုတ်ဘူး။ ဟွန်ဒိုင်းကုမ္ပဏီကပါ။ ၀မင်းကုမ္ပဏီက မြေတူးစက်(ဘက်ဟိုး) နှစ်စီး၊ က လက်နှစ်စီး၊ မြေညှိစက်တစ်စီးနဲ့ လမ်းကြိတ်စက်တစ်စီး ငှားထားလို့ ဒီကိုလိုက်လာတာ။  မေလ ၁၂ ရက် နေ့ကတည်းက စရှင်းနေတာပါ” ဟု ဟွန်ဒိုင်းကုမ္ပဏီမှ ၀န်ထမ်း တစ်ဦးက ပြောပြခဲ့သည်။

Ref:EMG

 မြန်မာ့စီးပွားရေး လာမည့်ဆယ်နှစ်အတွင်း နှစ်စဉ် ၈ ရာခိုင်နှုန်းခန့် တိုးတက်ဖွယ်ရှိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ပြောကြား

ငွေကြေးဖောင်းပွမှုနှုန်း နိမ့်ကျနေပြီး အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နှင့် ကုန်သွယ်မှုများ တိုးမြှင့်နေသောကြောင့် မြန်မာ့စီးပွားရေးသည် လာမည့်ဆယ်စုနှစ်အတွင်း ပျမ်းမျှ ၈ ရာခိုင်နှုန်းခန့် တိုးတက်ဖွယ်ရှိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က သြဂုတ်လ ၁၉ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အိမ်နီးချင်း ထိုင်းနိုင်ငံစီးပွားရေး၏ ၁၀ ပုံ တစ်ပုံခန့်သာရှိသော မြန်မာစီးပွားရေးသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြင့်မားခြင်းနှင့် ကုန်စည်ရောင်းအား မြင့်တက်လာခြင်းတို့ကြောင့် မကြာမီကာလအတွင်း သိသိသာသာ တိုးတက်ဖွယ်ရှိကြောင်း ADB က ပြောကြားခဲ့သည်။ နှစ်စဉ် ၈ ရာခိုင်နှုန်းခန့် စီးပွားရေးတိုးတက်ပါက နိုင်ငံသားတစ်ဦးချင်းစီ၏ ပျမ်းမျှနှစ်စဉ် ၀င်ငွေသည် ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၃၀၀၀ ထိ သုံးဆတိုးလာနိုင်ကြောင်း ADB က ပြောကြားခဲ့သည်။
''မြန်မာမှာ သဘာဝရင်းမြစ်တွေ  ကြွယ်ဝပါတယ်။ လူငယ်လူဦးရေကလည်း အချိုးအစားများပါတယ်။ ဒေသတွင်းမှာလည်း မဟာဗျူဟာကျတဲ့ နေရာတစ်နေရာမှာ ရှိနေပါတယ်''ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ စီးပွားရေးပညာရှင် စင်ရောင်ပက်က ပြော ကြားခဲ့သည်။ အစီရင်ခံစာကို ပူးတွဲရေးသားခဲ့သူလည်းဖြစ်သည့် စီးပွားရေးပညာရှင်ပက်က ''ဒီအခြေအနေအားလုံးက မြန်မာဟာ ကာလတိုအတွင်း အလွန်ကောင်းမွန်တဲ့ စီးပွားရေးတိုးတက်မှုကို ရရှိဖို့ အထောက်အကူဖြစ်မှာပါ''ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သမ္မတဖြစ်လာခဲ့ပြီးနောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေပြီး အနောက်နိုင်ငံများကလည်း ပိတ်ဆို့အရေးယူမှုများ လျော့ပေါ့ပေးခဲ့ရာ Coca-Cola နှင့် Visa Inc တို့ကဲ့သို့သော ကုမ္ပဏီကြီး များက ရင်းနှီးမြှုပ်နှံရန် လမ်းပွင့်ခဲ့သည်။ သမ္မတဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အလုပ်အကိုင်ဖန်တီးမှုများ ဆောင်ရွက်ရန် ကြိုးပမ်းနေသည်။
မြန်မာအလုပ်သမားထု၏ သုံးပုံနှစ်ပုံခန့်ကို အလုပ်အကိုင်ပေးထားသော စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးကို  မြန်မာအစိုးရအနေဖြင့် အရေးတကြီး ဆောင်ရွက်သင့်ကြောင်း ပက်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ မြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးမြေများဖြစ်ပြီး ထိုအထဲမှ ငါးပုံတစ်ပုံခန့်ကို ဆည်မြောင်းစနစ်ဖြင့် စိုက်ပျိုးကြောင်း ADB က ဆိုသည်။
''ကုန်ထုတ်လုပ်မှုတိုးတက်ဖို့ စိုက်ပျိုးရေးရင်းမြစ်တွေကို အသုံးချနိုင်မယ့် အလားအလာက ကြီးမားပါတယ်။ ဒါက အချိန်တိုအတွင်းမှာ လူအများကြီးကို အကျိုးရှိစေနိုင်တဲ့အတွက်ကြောင့် အလွယ်တကူရနိုင်တဲ့ ရလဒ်တစ်ခုပါ''ဟု ပက်က ပြောကြားခဲ့သည်။
မြန်မာ့စီးပွားရေး တိုးတက်မှုအတွက် ရင်ဆိုင်ရမည့် အန္တရာယ်များထဲတွင် မေခရိုစီးပွားရေးစီမံခန့်ခွဲမှု အားနည်းခြင်း၊ အခြေခံအဆောက်အအုံ မလုံလောက်မှု၊ အခွန်ဝင်ငွေရရှိမှု နည်းပါးခြင်းတို့ ပါဝင်နေသည်။ မြန်မာလူဦးရေ၏ လေးပုံတစ်ပုံခန့်သာ လျှပ်စစ်ဓာတ်အားရရှိနေပြီး၊ မြန်နှုန်းမြင့် အင်တာနက်သုံးစွဲနိုင်မှုမှာလည်း နိမ့်ကျနေကြောင်း ADB က အစီရင်ခံစာက ဖော်ပြခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် ပိုမိုလွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် ဥပဒေတစ်ရပ်ကို ပြီးခဲ့သည့်လက ပြဋ္ဌာန်းခဲ့ရာ မြန်မာကျပ်ငွေတန်ဖိုး တည်ငြိမ်မှုကို ထိန်းသိမ်းရန် မူဝါဒချမှတ်သူများအနေဖြင့် စိန်ခေါ်မှုများ ရင်ဆိုင်ရဖွယ်ရှိကြောင်း နိုင်ငံတွင်းသို့ ရင်းနှီး မြှုပ်နှံမှုများ စီးဝင်လာမှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ရန် ခက်ခဲလာမည်ဖြစ်ကြောင်း ADB က  ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဧပြီလက နိုင်ငံခြားငွေလဲလှယ်နှုန်းထားကို နှုန်းသေသတ်မှတ်ထားမှုအား ပယ်ဖျက်ပေးခဲ့ပြီး အရင်းအနှီးများ စီးဝင်လာမှုအတွက် တင်းကျပ်ထားမှုများကို လျော့ချနေသည်။
''ကာလလတ်အတွင်းမှာ မေခရိုစီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းထားဖို့က အဓိကကျလာမှာပါ။ ဗဟိုဘဏ်အနေနဲ့ ပိုမိုတောင့်တင်းလာပြီး ငွေကြေးမူဝါဒတွေ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်''ဟု ပက်က ပြောကြားခဲ့သည်။
Ref:Bloomberg
Ref:EMG

Monday, August 13, 2012

ရန်ကုန် နာမည်ကျော် ဟိုတယ်များကို ကြွေးကျန်ပေးရန် အစိုးရ အသိပေး



ရန်ကုန်၊ သြဂုတ် ၁၃

ရန်ကုန်မြို့ရှိ နာမည်ကျော် ဟိုတယ်ကြီးများ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနသို့ ပေးရန် ကျန်ရှိသောမြေငှားရမ်းခ ကြွေးကျန် ကန်ဒေါ်လာ သန်း ၂၀ ကို လာမည့် ၂၀၁၂ ခုနှစ်တွင် အပြီးပေးသွင်း ရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဌေးအောင်က ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်တွင် ပြုလု
ပ်သော ရန်ကုန်တိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ကဏ္ဍ ဖွံဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အသိပေး ပြောကြားသည်။

ဒီနှစ်မှာ ဟိုတယ်တွေရဲ့ ကြွေးသန်း ၄၀ ထဲက ငါးဆယ်ရာခိုင်နှုန်း သွင်းခိုင်းထားတယ်၊ နောင်နှစ်မှာတော့ လက်ကျန် သန်း ၂၀ အပြည့်ပေးသွင်းဖို့ အသိပေးထားတယ်ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ရှိ TRADERS, CHATRIUM, SEDONA, SUMMIT PARKVIEW အစရှိသော နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဟိုတယ်ကြီး ၂၀ ခန့်သည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု နှောင့်နှေးခြင်း၊ ဟိုတယ်ကြီးများ အနေဖြင့် ရင်းနှီးမြုပ်နှံမှု ပမာဏ ကြီးမားခြင်း၊ အာရှဒေသတွင်း ငွေကြေးအကျပ် အတည်းဖြစ်ပေါ်ခြင်း၊ ပြည်တွင်း လုံခြုံရေးနှင့် နိုင်ငံရေး အခက်အခဲများကြောင့် ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု လျော့နည်းခဲ့ခြင်းများကြောင့် နှစ်စဉ် အရှုံးပေါ်ကာ မြေဌားကာလ ၁၉၉၁ ခုနှစ်မှ စ၍ ယခု အချိန်ထိ အဆိုပါ ၀န်ကြီးဌာနသို့ မြေငှားရမ်းခ ကြွေးကျန် ကန်ဒေါ်လာ ၃၉ ဒသမ ၈၀သန်း ပေးရန် ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ပြောဆိုချက် အရ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဟိုတယ်၁၅လုံး၊ ၀န်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်သော ဟိုတယ် လေးလုံး၊နိုင်ငံသားပိုင် ဟိုတယ် တစ်လုံး စုစုပေါင်း ဟိုတယ် ၂၀လုံးတို့ သည် ၂၀၁၂ ခုနှစ် မတ်လအထိ မြေငှားရမ်းခ ကြွေးကျန် ကန်ဒေါ်လာ ၇၆ ဒသမ ၇၀ သန်းရရှိခဲ့ပြီးဖြစ်ရာ ကျန် သန်းလေးဆယ် ထဲမှ ငါးဆယ် ရာခိုင်နှုန်းကို ယခုနှစ်တွင် ပေးသွင်းရမည် ဖြစ်သည်။

Ref:The Voice

မန္တလေး- ဘန်ကောက် ၄၉ဒေါ်လာဖြင့် အဲအေးရှား ပြေးဆွဲ


ရန်ကုန်၊ သြဂုတ် ၁၁

ထိုင်းအခြေစိုက် လေကြောင်း ကုမ္ပဏီ တစ်ခုဖြစ်သော အဲအေးရှားသည် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးမြို့ဘန်ကောက်မြို့တို့ အကြား ခရီးစဉ်သစ် တစ်ခုဖြစ်သော မန္တလေး - ဘန်ကောက် လေကြောင်း ခရီးစဉ်ကို လက်မှတ်ခ ကန်ဒေါ်လာ ၄၉ ဖြင့် ၂၀၁၂ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှ စတင် ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းဌာနနှင့် ပုဂ္ဂလိက လေကြောင်း လက်မှတ်
အရောင်းကုမ္ပဏီများက သိရသည်။

လေယာဉ် လက်မှတ်ခ သက်သာသော အဆိုပါ လေကြောင်းလိုင်း အနေဖြင့် ခုံ ၁၈၀ ပါ Air Bus လေယာဉ်သစ် A320 ဖြင့် ပျံသန်း ပြေးဆွဲမည် ဖြစ်ကြောင်း အဲအေးရှားက သတင်း ထုတ်ပြန်သည်။

"ဒီဈေးနှုန်းမှာ အခွန်အခနဲ့ တခြား ၀န်ဆောင်မှုတွေ ပါပြီး ဖြစ်ပါတယ်။ဟု ထိုင်း အဲအေးရှား၏ အမှုဆောင်အရာရှိချုပ် Mr.Tassapon Bijleved က ပြောကြားသည်။

ယင်းအပြင် ရန်ကုန် ဘန်ကောက် ပြေးဆွဲနေသော လေကြောင်း ခရီးစဉ်ကို တစ်နေ့သုံးကြိမ် တိုးချဲ့ပျံသန်း ပေးခြင်းကိုလည်း ယင်းနေ့တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက အသိပေး ပြောကြားသည်။

သို့ရာတွင် အဲအေးရှား ပြေးဆွဲမည့် ခရီးစဉ်နှင့် ပက်သက်၍မူ "အခုထိတော့ ကျွန်မတို့ဆီ လက်မှတ်ရောင်းမယ့် ဈေးနှုန်း မရောက်သေးဘူးဟု ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ် အရောင်းဌာန တစ်ခုဖြစ်သော Sun Far Travels And Tours မှ လက်မှတ်ရောင်း ၀န်ထမ်း အမျိုးသမီး တစ်ဦးက ပြောကြားသည်။

အဲအေးရှား လေကြောင်းလိုင်း၏ မန္တလေး-ဘန်ကောက် ၄၉ဒေါ်လာဖြင့် ပြေးဆွဲမှုသည်ဘန်ကောက်မှ ရန်ကုန် နှင့် ရန်ကုန်မှ မန္တလေး နှစ်ဆင့် စီးနေရသော ခရီး ကို ဈေးနှုန်း လျှော့၍ ပြိုင်ဆိုင်ခြင်းဖြစ် ပြီး ဈေးအဆမတန် မြင့်နေသည့် ပြည်တွင်း တိုင်းရင်းသားပိုင် လေကြောင်းလိုင်းများ အတွက် ထိုးနှက်ချက် တစ်ခုဖြစ်ကြောင်း လေကြောင်းလိုင်း မန်နေဂျာ တစ်ဦးက ပြောကြားသည်။

Ref:The Voice

သုံးနိုင်ငံ အဝေးပြေး လမ်းမကြီး စီမံကိန်း အတွက် မြန်မာကို အိန္ဒိယ ဒေါ်လာ သန်း၅၀၀ ချေးငွေပေး


နယူးဒေလီ၊ သြဂုတ် ၁၃

မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးတွင် အရေးပါလာရန် ရှိသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်းမကြီး ဖောက်လုပ်ရာတွင် အသုံးပြုရန်အတွက် ချေးငွေ အမေရိကန် ဒေါ်လာ သန်း၅၀၀ ကို အိန္ဒိယ အစိုးရက မြန်မာ အစိုးရထံ ပေးအပ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးက The Nation သတင်း
စာကို လက်ခံ ဖြေကြားသော အင်တာဗျူး တစ်ရပ် တွင် ပြောကြား သွားသည်။

မြန်မာနိုင်ငံကို ဖြတ်သန်းမည် ကီလိုမီတာ ၃၂၀၀ ရှည်လျားသော အဆိုပါ လမ်းမကြီး သည် အိန္ဒိယမှ ထိုင်းနိုင်ငံသို့ ဆက်သွယ်ထားမည်ဖြစ်ပြီး မြန်မာနိုင်ငံကို တမူးမြို့မှ မန္တလေးမြို့ မှတစ်ဆင့် ထိုင်းနိုင်ငံ ချင်းရိုင် ကို ဆက်သွယ်မည်ဖြစ်သည်။
"ဆောက်လုပ်ရေး လုပ်ငန်းတွေစနေပြီဖြစ်ပါတယ်။ လက်ရှိ လမ်းတံတားတွေကို ပြုပြင်နေပါတယ်။ ၂၀၁၆မှာ ဒီလမ်းမကြီး ပြီးမယ်လို့ မျှော်လင့်ပါတယ် "ဟု ထိုင်းနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအာနီဝဒ္ဒ၀ါက ပြောကြားသည်။

အဆိုပါ သုံးနိုင်ငံ ဆက်သွယ် ဖောက်လုပ် သည့်လမ်းမကြီး စီမံကိန်း ပြီးစီးပါက သုံးနိုင်ငံ နယ်စပ်မြို့များမှ တစ်ဆင့်-မြန်မာ-အိန္ဒိယ-ထိုင်းသုံးနိုင်ငံ တို့သည် ကုန်စည်များ ကုန်တင်ကားကြီးများဖြင့် တိုက်ရိုက် ကုန်သွယ် နိုင်မည်ဖြစ် သည်။

Ref:The Voice

မြန်မာနိုင်ငံကားဝယ်လိုအားနှုန်း အလွန်အမင်းကျဆင်းနေသောကြောင့် ကား Showroom တွေက၂နှစ်အတွင်း မရောင်းရရင် ကားတွေ ဂျပန်ပြန်ပို့ရတော့မည်

 
ကားဟောင်းအပ်နှံ ၊ ကားသစ်တင်အစီစဉ်အရ အက္ခရာနံပါတ်များအပ်နှံခဲ့ပြီးနောက်ယခုအခါ B 360,323,MAZDA B600 လေးဘီး၊ Familia ဘိုးဘိုးအောင် Saloon Pickup လေလံကားများကိုမည်သည့် နံပါတ်ယူထားသည်ဖြစ်စေ အရည်ကြိုအပ်နှံခွင့်လက်ခံနေကြောင်းသိရသည်။

အဆိုပါ B360, B600 ပြီးလျှင်၊ ဗောက်စ်ဝဂွန်၊

ဖီးယက်အလှည့်ကျ၍ ကားအပ်နှံနိုင်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။အဆိုပါသတင်းများအတွက် ကညန အခွန်သက်သာခွင့်ကို ၆၀ ရာခိုင်နှုန်းလျှော့ပေါ့သက်သာခွင့်ပြုထားကြောင်း သိရပါသည်။၆၀%သက်သာမည့် ဗ/နံပါတ်ကိုမူဒီနှစ်အတွင်း အပ်နှံဖို့ဖြစ်နိုင်ပါ့မလားဟု တွက်ဆနေသူများလည်းရှိသည်။ ကက/ခခ/ Taxi ကားများအနေဖြင့် ကားအပ်စတင်လက်ခံနေပြီဖြစ်ကြောင်း သိရပါသည်။

ယခင် ၃လခန့်က ကားအပ်နှံစလစ်များကို ဈေးနှုန်းကြီးစွာ ၀ယ်ထားကြသူများနှင့် အက္ခရာတစ်လုံးတည်းအရည်ကြိုအတွက် ကျပ်သိန်းရာကျော်ပေး၍ ၀ယ်ယူထားကြသူများမှာ ဈေးနှုန်းများပိုမိုတက်လျှင် ၎င်းတို့၏ကားများ ဈေးကျနေသည်ကို ခုနှိမ်ရန်အတွက်ကားဈေးကွက်တတ်လေဟန် ဖန်တီးကာ၊ ကားများဈေးမြှင့်၍ေ၇ာင်းချနေကြကြောင်းသိရပါသည်။ လတ်တလောတွင် ၆၀%သက်သာခွင့်ရရှိမည့် လေလံစလစ်မှာ ၆၇သိန်းပေးဝယ် ရပြီး၄၀%သက်သာမည့် ပ/ နံပါတ်စလစ်မှာမူ ၅၇ သိန်းပေးဝယ်မှ ရသည်ဟုသိရသည်။ ကားဝယ်ချင်သူအများစုမှာပါမစ်မပါဘဲနှင့် အပြီးအစီးသိန်း ၇၀တန်၊ သိန်း ၁၀၀တန်ကားမျိုးကိုသာ ၀ယ်စီးချင်ကြကြောင်း၊ တလောတုန်းဆီက TA TA အန္ဒိယကား ကုမ္ပဏီမှကားစက်ရုံလာဖွင့်မည်ဆိုတာလဲ အသံသာကြားပြီး ဘာမှမထူးခြားဘူးဟုပြောကြပြန်ပါသည်။ ၃၀.၇.၂၀၁၂ မှစတင်၍ Personal Account ဖွင့်လှစ်၍ ကားပါမစ်လျှောက်ထားခြင်းကို လူတိုင်တိုင်လျှောက်ထားနိုင်မည်ဆိုပါက ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းနှင့် ၂၇လမ်းကြားရှိ စီးပွားကူးသန်းဌာနရုံး အဆောက်အဦးတွင် ကားတင်သွင်းမည့် ပိုင်ရှင်ကိုယ်တိုင် လျှောက်ထားရယူနိုင်ပြီး ဖြစ်ကြောင်းသိရသည်။ ကားပါမစ်တင်လျှောက်ရန်ကြာမြင့်ချိန် တစ်ရက်နှင့် နောက်နှစ်ရက်ပါမစ်အချောအတွက် ၃ရက်သာကြာမြင့်ကြောင်းနှင့် တရားဝင်အစိုးရသွင်းသောပါမစ်ကြေး ၅၀၅၀၀ကျပ်နှင့်တစ်ရွက်စာတမ်းကြေး ၉၅၀၀စုစုပေါင်းငွေ၆သောင်း ကုန်ကျလျှင်ကားတင်သွင်းရန်ကုန်ပါမစ်ကျပြီးဖြစ်ကြောင်း သိရပါသည်။




လူကိုယ်တိုင်လျှောက်ထားရယူခြင်းမရှိပါက Special Power ကိုယ်စားလှယ်စာဖြင့် နေပြည်တော်စီးပွားကူးသန်းသို့ လျှောက်ထားနိုင်ပြီးကားခ၊ လမ်းစရိတ်ဆောင်ရွက်ခ Service အပြီးအစီး ၁၅၀၀၀၀ ကုန်ကျမှသာလျှင် ကားပါမစ်ရယူနိုင်ကြောင်းသိရပါသည်။ ဟံသာဝတီကားပွဲစားတန်းမှ ၀ါရင့်ပွဲစားကြီး ကိုစိုးပိုင်နှင့်ကိုကျော်တင့်တို့မှ ပြောပြကြသည်မှာ ရဲရဲဝင့်ဝင့်ဝယ်ရောင်းလုပ်ရင်မြတ်မည့်ကားများမှာ 1300CC ကားအမျိုးအစားများပင်ဖြစ်ကြောင်း၊ ကား၏အ၀ယ်တန်ဖိုးပါမစ်ခ၊ ကား duty ကညနသွင်းငွေကား၏ သယ်ယူပို့ ဆောင်ခ အကုန်အပါအ၀င် သိန်း ၁၀၀ကျော် ကားကိုပြပါဆိုလျှင် 1300CC ကားများသာဖြစ်ကြောင်း၊ ၎င်းအနေဖြင့် 1300CC Honda Insight ကို အဖြူရောင်မှလွဲ၍ ကျန်သောအရောင်စုံ ၆ စီခန့်ရောင်းပြီးပြီဖြစ်ကြောင်း၊ အမြတ်အစွန်းအနေဖြင့် ပါးပါးပဲ ၅သိန်းမှ ၁၀သိန်းကြားသာရကြောင်း ပြောပြပါသည်။ 1300CC ကားများမှာနေ့တိုင်းအရောင်းအ၀ယ်ဖြစ်၍ ကျန်သောကားများ ဈေးကွက်အေးကြောင်း Honda Fit အမျိုးအစားကားမှာ ထိပ်ဆုံးကပြေးနေကြောင်း Honda Fit စတိ အဖြူရောင်T.V အပါ ကီလို ၄သောင်းကို ၁၄၅ သိန်းရောင်းကြောင်း၊ T.V မပါကို ၁၄၀ သိန်းရောင်းကြောင်းသိရသည်။ Honda Fit 2007 Model, T.V Orginal ၅ဃ/၆၀၀၀ကျော်၊ကီလို၆၀၀၀၀ကျော်ကို ၁၂၅သိန်းနှင့် အရောင်းအ၀ယ်ဖြစ်သည်။ Suzuki Swift ၌ 1100CC,1300CC ဟူ၍ နှစ်မျိုးရှိကြောင်း Class Grade များခွဲရာ၌ Back ကြည့်မှန်ပါဝါ၀င်းဒိုးပါ/ မပါစသည်ဖြင့် Condition အခြေအနေအလိုက် ဈေးကွက်ခြားမှုများစွာရှိကြောင်းသိရသည်။တချို့Show room တွေကတော့ ကားတွေသွင်းလာတာ စီးရေ ၁၀၀ကျော်ရှိတယ်။ဒါပေမယ့် တစ်လလုံးနေလို့ ၃စီးပဲရောင်းရတယ်။ ၂နှစ်ပြည့်လို့ ကားတွေကျန်နေရင်စည်းကမ်းအရ ဂျပန်ပြန်ပို့ရုံပဲရှိတော့တယ်ဟု Show room သမားတချို့က ငြီးတွားကြပါတယ်။ တချို့ Show room တွေကတော့ရှုံးချင်ရှုံးပါစေ ငွေပေါ်ရင်ပြီးရောဆိုပြီး ပြင်ပပေါက်ဈေးထက် သိန်း၃၀ လျော့ရောင်းကြပါတယ်။တချို့ Show room တွေကငွေနိုင်တယ်။ အဲ့ဒီတော့ လျှာပေါ်မြက်ပေါက်ပါစေ။ ကားတော့အရှုံးခံမရောင်းဘူးဆိုတဲ့ ခံယူချက်နဲ့ ရောင်းတဲ့သူလည်းရှိတယ်ဟု ဈေးကွက်ကျွမ်းကျင်သူတစ်ဦးမှ ပြောပါသည်။ A.D Van စတိနံပါတ် ၂၀၀၇ ၊၅လပိုင်း ပါဝါ၀င်းဒိုး ၂ပေါက်၊ ABS Break System နောက်ဝိုက်ဘာအဖြူရောင်ကို ၁၄၅ သိန်းရောင်းမည်။ ပွဲခ ၂သိန်းပေးမည်။ 1st Owner အမည်ပေါက် CNG Pickup R ၂ဂ/ ၃၅၀၀ကျော်ကို သိန်း ၁၂၀ဖြင့်ရောင်းချင်သည်။ ၂၀၀၇၊ ပုဇင်းခေါင်း RTA ထုပြီးသားကို ၁၀၅ သိန်းဖြင့်ရနိုင်ကြောင်း ၂ခ/ ၃၀၀၀ကျော် GTOအနီရောင်ပြိုင်ကားကို ၁၀၅သိန်းနှင့် ၀ယ်နိုင်ကြောင်းသိရသည်။ ၇က/1GFE Mark II 2000CC ဓာတ်ဆီကို ၇၅သိန်းနှင့်ဝယ်နိုင်ကြောင်း R+၁/ဂ ကို ၉၅ သိန်းနှင့်ရနိုင်ကြောင်းသိရသည်။ဗ/နံပါတ်အနက်ကား ခွေးခေါင်းအမျိုးအစားကို ၅၅သိန်းနှင့် ရောင်းဝယ်ဖြစ်ပြီး၊ ဗ/ နံပါတ်ကားပေါ်မူတည်၍ ၅၅-၆၆ဈေးရသည်။Supear Saloon,Corona တွေက ၅၀-၅၅အတွင်း အရောင်းအ၀ယ်ဖြစ်သည်။၇က/ 91 model SSS Blue BIRD DVD Air ConAlloy ပါကားများကို ၆၀သိန်းနှင့်ရောင်းချင်သည်။ Super Custom RTA ထုပြီးသားကိုနယ်အ၀ယ် ၁၆၀၊၁၇၀သိန်းကြားဝယ်ကြောင်း CNG ကားတွေက မြန်မာပြည်အကြိုက် စွမ်းအင်အချွေတာဆုံး ဖြစ်ကြောင်းသိရသည်။ ကားသွင်းတဲ့သူမြတ်မမြတ်တော့ မသိဘူး။ ၀ယ်ရောင်းပွဲစားတစ်ယောက်က ကား၃စီးရောင်းတာ ၄၇ သိန်းမြတ်ကြောင်းသိရသည်။ပြန်မယ်၊ ပြန်မယ် ပြောကြပေမယ့်လည်း ပွဲမဖြစ်တော့ ပွဲစားလမ်းလျှောက်ပြန်၊ ကွမ်းဖိုးမရှိ။ ဘောစိတွေအိမ်ကထမင်းစားလာကြ၊ ပွဲစားတွေကတော့ ဓာတ်တိုင်အရေအတွက်ရေပြီး အိမ်ပြန်ပေါ့ (ဓာတ်တိုင်ရေပြီးပြန်ပေါ့)လက်ရှိ ဟံသာဝတီကားပွဲစားတန်းနေရာ ပြောင်းမယ်ဆိုတဲ့သတင်းကငြိမ်တယ်။ ဖားပြုတ်တွေ ငိုနေကြတယ်။ Caldina ကြက်တူရွေးတွေအ၀ယ်မပေါ်၊ Belta နဲ့ Pro Box တွေက ပလူပျံနေကြတယ်လို့ လုပ်သက်ရင့်ပွဲစားကြီး ကိုခင်မောင်ဌေးက ယခုကဲ့သို့ပြောပါတယ်။ “ဖားတွေကအော်ငိုကြက်တူရွေးကသံဈေးရောက် Belta နဲ့ Pro Box က အ၀ယ်ပျောက် ပွဲစားတွေကလမ်းပဲလျှောက် Junction Square ရောက်” Air con မတရားလွှတ်ထားသော Junction Square ထဲဝင်၍ ဇိမ်ခံနေကြခြင်းဖြစ်သည်။ဝယ်ရောင်းကလည်း တဆုံးနှိုက်ပြီး အောက်ကြေးနဲ့ ၀ယ်ချင်ကြ၊ ရောင်းတဲ့သူကလည်း မပေါက်တဲ့ဈေးနဲ့ ရောင်းချင်ကြပြီး၊ ၀ယ်စီးတွေကလည်း ဈေးဘယ်လောက် ဆက်ဆင်းအုံးမလဲ ဆိုပြီး ဈေးမပေးကြ၊ ဈေးကွက်ကတော့လှုပ်ရှားမှုမရှိဖြစ်နေပါပြီ။

mmcarmart မှ post အားကူးယူဖော်ပြပါသည်။

Monday, July 16, 2012

 ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိရန် စွမ်းအင်ဝန်ကြီးဌာနမှ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာ၊ ရတနာနှင့် ရဲတံခွန်မှ ရရှိသောဝင်ငွေ၏ ၆၇ရာခိုင်နှုန်းခန့် နိုင်ငံတော်မှ ရရှိနေကြောင်းသိရ


မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများ လုပ်ဆောင်မှုနှင့် ပတ်သက်၍ အများပြည်သူ သိရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် စွမ်းအင်ဝန်ကြီးဌာနမှ ပထမဆုံးအကြိမ် ထုတ်ပြန် ကြေညာခဲ့ပြီး ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချနေသည့် ရတနာနှင့် ရဲတံခွန်မှ ရရှိသောဝင်ငွေ၏ ၆၇ရာခိုင်နှုန်းကို နိုင်ငံတော်မှ ရရှိနေကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ နိုင်ငံအနေဖြင့် ခိုင်ကြေး (Royalty)၊ အစုရှယ်ယာ၊ ဓာတ်ငွေ့ သယ်ဆောင်ခ ရငွေ၊ ပိုက်လိုင်းဖြတ်သန်းခငွေနှင့် ၀င်ငွေခွန်များ ရရှိမည်ဖြစ်ပြီး လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေသည့် ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အထိ အမေရိကန် ဒေါ်လာ ၁၆ ဘီလျံကျော် မြန်မာနိုင်ငံဘက်မှ ၀င်ငွေရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဆောင်ရွက်နေသော သဘာဝ ဓာတ်ငွေ့စီမံကိန်းများကို ကြည့်ပါက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)မှ အစုရှယ်ယာ ၁၅ နှင့် ၂၀ ရာခိုင်နှုန်းခန့်သာ  အကျိုးအမြတ် ခံစားခွင့်ရှိသကဲ့သို့ အများပြည်သူ ထင်မြင်နိုင်ကြောင်း၊ ယင်းစီမံကိန်းများမှ မြန်မာနိုင်ငံအနေဖြင့် ခိုင်ကြေး (Royalty)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရရှိသည့် ရပိုင်ခွင့်၊ အစုရှယ်ယာ ရာခိုင်နှုန်းအတွက် ရငွေ၊ ဓာတ်ငွေ့သယ်ဆောင်ခ ရငွေ၊ ပိုက်လိုင်းဖြတ်သန်းခ ရငွေ၊ လေ့ကျင့်ပညာ သင်ကြားရေး ရန်ပုံငွေနှင့် ၀င်ငွေခွန်များကိုလည်း ရရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနောက်ပိုင်းတွေ့ရှိသမျှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲရန် ဦးစားပေးသွားမည် ဖြစ်ခြင်းကြောင့် ပြည်ပသို့ ရောင်းချတော့မည် မဟုတ်ကြောင်းနှင့် ထွက်ရှိသည့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ပြည်တွင်းသုံးစွဲရန် ဖူလုံပြည်စုံနေပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း  . . .


မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အကြီးတန်း ဘူမိဗေဒ အရာရှိ တစ်ဦးက ''အခုလက်ရှိ  တင်ပို့ရောင်းချနေတဲ့ ရတနာနဲ့ ရဲတံခွန်စီမံကိန်းတွေကနေ ရတဲ့ဝင်ငွေမှာ နှစ်ပိုင်းရှိတယ်။ အရင်း မကြေမီကာလနဲ့ အရင်းကြေပြီး ကာလပါ။ အရင်းမကြေမီကာလမှာ မြန်မာဘက်က စုစုပေါင်း ၄၀နဲ့ ၅၀ရာခိုင်နှုန်း ကြားရတယ်။ အရင်းကြေပြီး ကာလမှာတော့ ၆၇ရာခိုင်နှုန်း ၀န်းကျင် ရနေပါတယ်''ဟု ပြောကြားပါသည်။
ရတနာနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ သဘာဝဓာတ်ငွေ့များကို ၁၉၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်တို့တွင် စတင်ထုတ်လုပ်ရောင်းချခဲ့ရာ ရတနာစီမံကိန်းမှာ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်နှင့် ရဲတံခွန်စီမံကိန်းမှာ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ် အသီးသီးတွင် အရင်းကြေခဲ့ပြီး အမြတ်များ ရရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
ရတနာနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းများတွင် မြန်မာနိုင်ငံဘက်မှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၄ ဘီလျံခန့်၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၄၈ ဘီလျံခန့်၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၃ ဘီလျံခန့်၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၀၃ ဘီလျံခန့်၊ ၂၀၁၀-၂၀၁၁ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၃၄ ဘီလျံခန့်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၁၁ ဘီလျံခန့် ရရှိခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၆ ဘီလျံကျော် ရရှိခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်။
ထို့အတူ လာမည့် ၂၀၁၃ခုနှစ်တွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမည့် ရွှေနှင့် ဇောတိက ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၆၀ရာခိုင်နှုန်းခန့်ကို နိုင်ငံတော်မှ ရရှိမည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင်လည်း မြန်မာနိုင်ငံကို ပိုက်လိုင်းဖြတ်သန်း သွယ်တန်းရသည့်အတွက် ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းခ (Right of Way)အဖြစ် တစ်နှစ်လျင် အမေရိကန် ဒေါ်လာ ၆ဒသမ၉၀၅သန်း ရရှိမည် ဖြစ်ပြီး မြန်မာနိုင်ငံကို ဖြတ်သန်းပို့ဆောင်ရသည့် အတွက်(Transit Fee) အဖြစ် ရေနံပမာဏ တစ်တန်လျင် အမေရိကန်တစ်ဒေါ်လာ ရရှိမည်ဖြစ်ကာ ပြည်တွင်းသုံးရန်အတွက် သဘာဝဓာတ်ငွေ့နှင့် ရေနံပမာဏ အချိုးအစားတစ်ရပ်ကိုလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့သယဇာတဖြစ်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ပြည်ပတင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ ယခင်က ပြည်တွင်းသဘာဝ ဓာတ်ငွေ့လိုအပ်ချက်မရှိခဲ့ခြင်းနှင့် နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အခြေခံအ ဆောက်အဦများ တည်ဆောက်ရန် နိုင်ငံခြားငွေ လိုအပ်ခြင်းများကြောင့် ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း၊ ယခု နောက်ပိုင်းတွေ့ရှိသမျှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲရန် ဦးစားပေး သွားမည်ဖြစ်ခြင်းကြောင့် ပြည်ပသို့ ရောင်းချတော့ မည်မဟုတ်ကြောင်းနှင့် ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပြည်တွင်းသုံးစွဲရန် ဖူလုံပြည်စုံနေပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီများအလိုက် အစုရှယ်ယာပါဝင်မှု

TOTAL - ၃၁.၂၄%
UNOCAL - ၂၈.၂၆%
PTTEP - ၂၅.၅၀%MOGE - ၁၅.၀၀%
MOGE- ၂၀.၄၅%


ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီများအလိုက် အစုရှယ်ယာပါဝင်မှု

PETRONAS- ၄၀.၇၅%
MOGE- ၂၀.၄၅%
NIPPON - ၁၉.၄၀%
PTTEP - ၁၉.၄၀%
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီများအလိုက် အစုရှယ်ယာပါဝင်မှု
DAEWOO-၈၅.၀%
OVL-၁၇.၀%
MOGE- ၁၅.၀%
GAIL - ၈.၅%
KOGAS - ၈.၅%

ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကုမ္ပဏီများ အလိုက် အစုရှယ်ယာပါဝင်မှု

PTTEPI - ၈၅.၀%
MOGE - ၁၅.၀%

Sunday, July 15, 2012

မြေလွတ်မြေရိုင်းများကို လယ်ယာမြေအဖြစ် ဒေသခံလယ်သမားများအား ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြုသွားမည်ဟု လယ်/ဆည်ဒုဝန်ကြီး ပြောကြား၊ ယခင်အစိုးရလက်ထပ်တွင် လယ်သိမ်းခံခဲ့ရသူများ ဦးစားပေး လုပ်ကိုင်ခွင့် ရရှိလိုကြောင်း သိရ

မြန်မာနိုင်ငံရှိ မြေလွတ်မြေရိုင်းများကို လယ်ယာမြေအဖြစ် ဒေသခံ လယ်သမားများအား ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြုသွားနိုင်မည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအုန်းသန်း၏ ပြောကြားချက်အရ သိရှိရသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအုန်းသန်း၏ ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပြောကြားချက်အရ မြန်မာနိုင်ငံရှိ မြေလွတ်မြေရိုင်းများကို လယ်ယာမြေအဖြစ် ဒေသခံ လယ်သမားများအား ဥပဒေနှင့်အ ညီလုပ်ကိုင်ခွင့်ပြုရန် နယ်မြေအလိုက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အစိုးရအဖွဲ့များက လိုအပ်ချက်နှင့်အညီ စီမံခန့်ခွဲပေးအပ် ရမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

''မြန်မာနိုင်ငံရဲ့ မြေလွတ်မြေရိုင်းတွေရဲ့ အနေအထားက စိုးရိမ်စရာ အခြေအနေ ဖြစ်လာနေပါပြီ။ လက်ရှိမှာ တကယ်ကျန်နေတဲ့ မြေလွတ်မြေရိုင်း ဧက ၁၄သန်းကို လုပ်ငန်းရှင်ကြီးတွေကပဲ လူမသိ၊ သူမသိ သိမ်းယူသွားပြီး လူတစ်စုကပဲ လက်ဝါးကြီးအုပ်သွားမဲ့ အခြေအနေကို ကာကွယ်ဖို့ လိုပါမယ်။ မြေလွတ်မြေရိုင်းတွေကို လယ်ယာမြေအဖြစ် ဒေသခံလယ်သမားတွေကို ဥပဒေနဲ့အညီ လုပ်ကိုင်ခွင့်ပြုသွားမယ်ဆိုရင် အရင်အစိုးရ လက်ထက်က အသိမ်းခံခဲ့ရတဲ့လယ်တွေကို ဦးစားပေး လုပ်ကိုင်ခွင့်ပြုလိုပါတယ်''ဟု Eco- Dev မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် မြေယာဖော်ထုတ်လုပ်ကိုင်ရန် မြန်မာတစ်နိုင်ငံလုံးတွင် မြေဧက ၁၉၄၃၉၈၃ကို ကုမ္ပဏီနှင့်အဖွဲ့အစည်း ၂၁၄ ခုသို့ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၁ခုနှစ်၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဆိုင်ရာ ထုတ်ပြန်ချက်များအရ သိရှိရသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၁ခုနှစ်၊ နှစ်ကုန်ပိုင်းအတွင်း ထုတ်ပြန်ထားသော ကိန်းဂဏာန်းများအရ ပလပ်မြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက စုစုပေါင်း ၁၄သန်းခန့်ရှိကြောင်း သိရှိရသည်။
ပလပ်မြေ၊မြေလွတ်၊မြေလပ်၊ မြေရိုင်းကဲ့သို့ စိုက်ပျိုးနိုင်သောမြေများကို ပုဂ္ဂလိကလုပ်ငန်းရှင် ၆၃၈၇ ဦးကို ၃ ဒသမ ၈၉သန်းလုပ်ကိုင် ခွင့်ပေးထားခဲ့ရာ စိုက်ပျိုးထားသည့် ဧကမှာ ၀ ဒသမ ၉၇ သန်း စိုက်ပျိုးပြီးဖြစ်သည့် အတွက် ၂၆ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် နိုဝင်ဘာ ၂၉ရက်က ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုတွင် လယ်/ဆည် ဒုတိယ၀န်ကြီး ဦးအုန်းသန်းမှ ပြောကြားခဲ့ကြောင်း ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်တွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုး လုပ်ကိုင်နိုင်သော ဧကများမှာ သစ်တောဦးစီးဋ္ဌာန၏ ထိန်းချုပ်မှုပြင်ပတွင် သစ်တောဧက ၁၇သန်း၊ သစ်တောဦးစီး ထိန်းချုပ်မှုအောက်တွင် ၁၃သန်း၊ ပြည်သူပိုင် သစ်တောဧက ၂၈သန်း၊ မြေလွတ် မြေရိုင်းဧက ၁၄သန်းရှိကြောင်း Eco- Dev မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။

စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(FSWG-The Food Security Working Group)၊ မြေလုပ်ငန်းအဖွဲ့ခွဲ(Land Core Group,LCG) မှဥက္ကဌဖြစ်သူ ဦးရွှေသိန်းက ''မြေလွတ်မြေရိုင်း ဥပဒေအရ ဥပဒေအပေါ် အခြေခံပြီး လုပ်ထုံးလုပ် နည်းတွေအရ တောင်သူတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးရမယ်။ နောက်တစ်ခုက လယ်ယာမြေဥပဒေမှာ လယ်ယာမြေရဲ့ အဓိပ္ပာယ်မှာ တောင်ယာမြေဆိုတာပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်းမြင့်ဒေသတွေမှာ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်တဲ့မြေတွေကို တောင်ယာမြေခေါ်တယ်။ ဒီရွှေ့ပြောင်း တောင်ယာမြေတွေကို စနစ်တကျ လုပ်ကိုင်ရင်၊ စနစ်တကျ မှတ်ပုံတင်ခွင့်ရရင်၊ လုပ်ကိုင်ခွင့်ရရင် ပိုပြီးတော့ အဆင်ပြေမှာပါ။ နောက်ထပ်လာမယ့် လယ်ယာ မြေဥပဒေ၊ မြေလွတ်မြေရိုင်း နည်းဥပဒေမှာပါ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့အချက်တွေ ပါဝင်လာရင် တောင်သူတွေအတွက် အရမ်းကို အကျိုးရှိလာပါ''ဟုလည်း သုံးသပ်ပြောကြားခဲ့သည်။Ref:EMG

Sunday, July 8, 2012

ပညာလိုပါသလား(ဒေါက်တာ ခင်မောင်ညို)[ဆောင်းပါး]

မြ၀တီမြို့ သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများ

ကိုဘသစ်တစ်ယောက် ရွာပြန်သွားတော့ ၀မ်းသာစရာတွေ မြင်တွေ့ရသလို စိတ်မကောင်းစရာတွေလည်း အများကြီးပါပဲ။ ရွာထဲမှာသွပ်မိုး ပျဉ်ထောင်တွေ များလာသည်။ သို့သော် စာကြည့်တိုက်ကတော့ ဖတ်သူ အင်မတန်နည်းသည်။ ရွာထဲ အလုပ်လုပ်နေသော အရွယ်ပေါ့လေ။ လူငယ်လူရွယ်တွေ အင်မတန်နည်းသည်။
''ကျောင်းသွားတဲ့ကလေးတွေတော့ အများကြီးပါပဲလား''
''လူငယ်တွေ ဘယ်ရောက်သွားကြလဲ'' မောင်ဘသစ် မေးခွန်းတွေ ထုတ်နေမိသည်။ ''သူတို့တစ်ဖက်နိုင်ငံ သွားအလုပ်လုပ်ကြတယ်''
''အင်း''
''ဒီလိုဖြစ် နေကြတာတော့ ကြာပြီပဲ''
''အင်း''
ရွာက ရော်ဘာခြစ်သူတွေ ဆေးလိပ်လိပ်သူတွေ မလေးရှားသွားကြသည်။ ငါးလှေလိုက်သူတွေနဲ့ ခြံစိုက်သူတွေက ထိုင်းကိုသွားကြသတဲ့။ အလုပ်သွားလုပ်သူတွေရဲ့ အလုပ်တွေက အမျိုးမျိုးဆိုပေမယ့် တူညီတာကတော့ အားလုံးဟာ အောက်ခြေအလုပ်တွေကိုသာ လုပ်ရသည်။
3D ဟုခေါ်သည့် Danger, Dirty Esifh Difficult  ဖြစ်သည့် အလုပ်တွေကိုသာ လုပ်ရသည်။ သူတို့ရသော လုပ်ခဟာလည်း အနှိမ်ခံ လုပ်ခပါ။ တရားမ၀င် လုပ်ရတာတွေ များသည်။ ပြန်ရောက်သူတွေကို ကိုဘသစ်မေးကြည့်တယ်။
''ခင်ဗျားတို့ ဟိုကစကားကိုတတ်လား ''
''ထမင်းစားရေသောက်တော့ တတ်တယ်''
''လူရာဝင်အောင်တော့ မတတ်ဘူးဆိုပါတော့''
''တတ်စရာ ဘာလိုလဲဗျာ၊ ကျုပ်တို့က မြန်မာတွေနဲ့ပဲနေကြတာ''
''ဒါဆိုစာတော့ ဝေလာဝေးပေါ့''
''စာတော့မတတ်ဘူး''
စကားမတတ်၊ စာမတတ်၊ အရည်အသွေး(Skill) မရှိတော့လည်း သူခိုင်းတာကို လုပ်ရသည်ပဲပေါ့။ သူတို့အောက်ခြေအလုပ်များကို လုပ်ပြီးရသည့်ငွေကို မိဘတွေဆီ ပို့ကြသည်။ သူတို့သားသမီးတွေကို အဘိုးအဘွားများနှင့် အပ်ထားလေ့ရှိကြပြီး မြန်မာပြည်မှာပင် ကျောင်းထားကြသည်။
''ရတဲ့ငွေတွေနဲ့ ၀ါးတဲတွေကနေ သွပ်မိုးပျဉ်ထောင်ကို ဆောက်လာနိုင်တာပေါ့ဗျာ'' သူကြီး နိုင်ငွေစိုးက ကိုဘသစ်သူငယ်ချင်း ဖြစ်သည်။ နိုင်ငွေစိုးကသူ့ကို ထမင်းစားဖိတ်ကျွေးပါသည်။

_____________________________________________________________________________

တစ်ဖက်နိုင်ငံသွားကာ အလုပ်လုပ်ကြသည်။ ပညာမတတ်၊ စာမတတ်၊ စကားမတတ်။ ဒီတော့ အဖိနှိပ်ခံဖြစ်နေတာပဲပေါ့။ ပညာတတ်အောင် သင်ဖို့လိုသည်။ နောက်တစ်ဖက်နိုင်ငံက စာတွေကို ဒီမှာသင်လို့ မရဘူးလား။ ပညာပြည့်ဝပြီး စကားလောက်တတ်ရင် အနည်းဆုံး အလုပ်သမားခေါင်းလောက်တော့ ဖြစ်နိုင်ပါသည်။
______________________________________________________________________________



''ချမ်းသာ လာသူတွေရှိသလို ရောဂါဖိစီးပြန်လာလို့ ဆေးကုရတာတွေလည်း ရှိတယ်ကွ''
''ဟုတ်ကဲ့''
''မမာဘူး''
''လူပဲဗျာ''
'' အနာတွေပေါက်ပြီး သေတယ်''
''ဒါတွေဟာ AIDS လို့ခေါ်တဲ့ လေးလုံးရောဂါတွေပေါ့။ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အားလုံးကတော့ မသိချင်ယောင် ဆောင်နေကြတယ်'' ကိုဘသစ်စိတ် မကောင်းဖြစ်သွားတယ်။ ဒီရောဂါက ကမ္ဘာ့ကပ်နာပဲ။
''မောင်ညိုလည်း နေမကောင်းဘူး၊ မင်းသွားကြည့်လိုက်ပါဦး'' မောင်ဘသစ်၏ သူငယ်ချင်းမောင်ညို ဘာကြောင့်နေမကောင်း ဖြစ်တာလဲ။
''ဒီကောင်ဘယ်သွား သေးလဲ''
''တောင်အရှေ့ဖက်ကို သွားတယ်''
''ထိုင်းကိုလား''
''အင်း တောင်အရှေ့ဖက်ကို သွားတယ်။ သူ့သားနှစ်ယောက်လည်း နေသိပ်မကောင်းဘူးတဲ့။ ကိုဘသစ်လည်း 'ဒုက္ခပါပဲ'ဟု ညည်းတွားကာ သူငယ်ချင်းအိမ် လိုက်သွားသည်။
'မင်း လေးလုံး ရောဂါရလာတာလား' မောင်ညို ခေါင်းခါသည်။
''ငါတို့က အဲဒီရောဂါကင်းတယ်၊ ဒါပေမဲ့ အလုပ်ပိတာကွ''
''ဘယ်လို ပိတာလဲ''
''တို့ခြံရှင်က တို့သောက်ဖို့ ရေတွေ ကိုဇလုံကြီးနဲ့ ဖျော်ဖျော်ထားပေးတယ်၊ အားဆေး၊ အမောခံတယ်တဲ့။ ငါတို့လည်း သောက်တာပေါ့၊ သူပြောတဲ့အတိုင်း အမောခံနိုင်တယ်။ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်နိုင်တယ်''
''တယ်ဟုတ်ပါလား၊ ဘာအားဆေးလဲ''
''နောက်မှသိတယ်၊ အားဆေး မဟုတ်ဘူးတဲ့၊ အဲဒါမူးယစ်ဆေးဝါး၊ အက်ဖာတမင်း''
''ဟေ'' သူတို့ကို မက်တာအက် ဖာတမင်း မူးယစ်ဆေးတွေ တိုက်ပြီး ခိုင်းတာကိုး။
'' မြန်မာတွေပဲ သောက်တာလား''
'' ထိုင်းတွေတော့ မသောက်တာများတယ်ကွ၊ တို့လည်း နောက်မှသိတယ်။ သိတော့ ကျန်းမာ ရေးအတော်ချို့ယွင်းနေပြီ''
'' ဒါနဲ့ ပြန်ခဲ့တာလား ''
'' ဟုတ်တယ်ကွ၊ ငါးလှေတွေနဲ့ လိုက်သွားတဲ့လူတွေဆိုရင် မူးယစ်ဆေးတွေစွဲပြီး၊ နောက်ဆုံးလှေပေါ်ကနေ ကန်ချခံရတယ်''
'' ကမ်းမှာလား''
''ပင်လယ်ထဲကို'' ကြောက်စရာကောင်းလှပါသည်။ ပင်လယ်ဆိုသည်မှာ ဥပဒေစိုးမိုးသည့်ဒေသ မဟုတ်ပါ။ ဘယ်လိုသက်တွေ အထောက်ထားတွေမှ မရှိဘဲ။
''ကိုယ့်မိသားစုနဲ့ကိုယ် အေးအေးဆေးဆေးလုပ်စားပြီး ပြန်လာသူတွေတော့ရှိတယ်''
''ဟုတ်လား''
''ရှိတော့ရှိတယ် ရှားတယ်''
ဆင်းရဲတဲ့ဒဏ်လား၊ ချမ်းသာလိုတဲ့ လောဘကြောင့်လား။ ကိုဘသစ် စဉ်စားသည်။ လူတွေကတော့ စွန့်စားကြသည်။ No Man is an island တဲ့။ ဘယ်သူမှ ကျွန်း မဟုတ်ဘူး။ ဘယ်သူမှ ငုတ်တုတ်မခံ ပါဘူး။ စပါးစိုက်သည်။ တောင်သူ လုပ်သည်။ လောက်လောက်ငင မရှိကြပါ။ ပထမ ဖဆပလ အစိုးရ လက်ထက်က SAMB ဆိုသော အဖွဲ့က ကိုဘသစ်တို့ဆီက စပါးဝယ်သည်။ ထိုအချိန်ကလည်း ဈေးနှိမ် ၀ယ်သည်။ နောက်တော့ မဆလ လက်ထက်။ စပါးတွေကို ၀မ်းစာချန် ကျန်တာအကုန်အစိုးရကို ရောင်း ရသည်။ သတ်မှတ်ဈေး။ သတ်မှတ် ထားသော ပမာဏကိုရောင်းရသည်။ တကယ်လို့ မရောင်းနိုင်ရင် ဖမ်းချုပ်သည်။ (အချုပ်တွင် ထမင်းတော့မကျွေးပါ။ အိမ်က ထမင်းပို့ရသည်။) နောက်ဆုံး တာဝန်ကျေအောင် ၀ယ်သွင်းရသည်။
အ၀ယ်ဒိုင်များက ကတ္တားခိုး၊ အလေးခိုးသည်။ စိုထိုင်းဆများသည်ဟု ဈေးလျော့ပြန်သည်။ လယ်သမားတွေ ဖွတ်သထက် ညစ်တော့သည်။ ထို့ကြောင့် အများစုသည် လယ်မလုပ်တော့။ ကိုဘသစ်တို့လည်း ဒီပုတ်ထဲက ဒီပဲမဟုတ်ပါလား။ ဖခင်ကြီး၏ လယ် ၆၄ ဧကကို စွန့်ကာ မြို့တက်သည်။ လခစား လုပ်သည်။ လယ်တွေကို အစိုးရက တဖြည်းဖြည်း သိမ်းသွားသည်။ အချို့လယ်မလုပ် ယာမလုပ် ရရာလုပ်။ အရက်သမားဖြစ်ကာ သေသွားသော ကိုဘသစ်သူငယ်ချင်းတွေ အများကြီးပါပဲ။ ခုတော့ သူငယ်ချင်းများ၏ သားသမီးတွေပေါ့။ သူတို့ကတော့ တစ်ဖက်နိုင်ငံသွားကာ အလုပ်လုပ်ကြသည်။ ပညာမတတ်၊ စာမတတ်၊ စကားမတတ်။ ဒီတော့ အဖိနှိပ်ခံဖြစ်နေတာပဲပေါ့။ ပညာတတ်အောင် သင်ဖို့လိုသည်။ နောက်တစ် ဖက်နိုင်ငံက စာတွေ စကားတွေကို ဒီမှာသင်လို့ မရဘူးလား။ ပညာပြည့်ဝပြီး စကားလောက်တတ်ရင် အနည်းဆုံး အလုပ်သမားခေါင်းလောက်တော့ ဖြစ်နိုင်ပါသည်။ ကိုဘသစ် ဘာလုပ်ရမလဲ။ ခုလွှတ်တော်အသစ်ကိုပဲ တင်ပြရမှာလား။ သူတို့က ကျွန်စော်နံတဲ့သူလို့ ပြောမှာလား။ ဒါမှမဟုတ် ငုတ်တုတ်လေးပဲ နင်းပြားအဖြစ် နေကြမှာလား။ ပွင့်လာတဲ့အစိုးရကို ပွင့်ပွင့်လင်းလင်းမေးလိုတဲ့ ကိုဘ သစ် မပွင့်နိုင်သေးပါလား။


PDF Print
Written by ဒေါက်တာခင်မောင်ညို   

Monday, July 2, 2012

 ‘အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာမယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်’၊ မြန်မာနိုင်ငံတွင်း အလုပ်အကိုင် ရှာဖွေရေး ၀က်ဘ်ဆိုက်၏ အာရှဆိုင်ရာစီအီးအို Ciaran Lally နှင့် တွေ့ဆုံခြင်း

အလုပ်အကိုင်ရှာဖွေသူနှင့် ကျွမ်းကျင်လုပ်သား ရယူလိုသည့် လုပ်ငန်းရှင်များကြား ချိတ်ဆက်ပေးသည့် အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းကို အွန်လိုင်းဝက်ဘ်ဆိုက်များ တည်ထောင်၍ လုပ်ကိုင်နေသည့် လုပ်ငန်းများ နိုင်ငံတကာတွင် ခေတ်စားနေရာ မြန်မာနိုင်ငံတွင်လည်း အဆိုပါ အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်များ ဆယ်ဂဏန်းကျော် ရှိနေခဲ့ရာမှ ယခုအခါတွင် နိုင်ငံတကာ အတွေ့အကြုံရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ဆောင်ရွက်နေသူများက အကောင်အထည်ဖော်နေသည့် http://myjobs.com.mm ၀က်ဘ်ဆိုက်လည်း အပါအ၀င်ဖြစ်လာပြီ ဖြစ်သည်။ ထို့ကြောင့် http://myjobs.com.mm ၏ အာရှဆိုင်ရာ စီအီးအို Ciaran Lally နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်များမှ အချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး - မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ မှာ အလုပ်အကိုင် ရှာဖွေရေးဝက်ဘ် ဆိုက်တစ်ခု အကောင်အထည်ဖော် လုပ်ကိုင်လာအောင် ဘယ်အရာတွေကများ စေ့ဆော် တိုက်တွန်းခဲ့ပါသလဲ။
ဖြေ - မြန်မာနိုင်ငံဈေးကွက်ကို ကျွန်တော်တို့ လေ့လာကြည့်လိုက်တဲ့ အခါမှာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက် လာတာကို တွေ့ရပါတယ်။ ဒါဟာ တိုင်းပြည် အနာဂတ်အတွက် ကောင်းတဲ့လက္ခဏာပါ။ ဒါပေမယ့်လို့ အွန်လိုင်းဈေးကွက် နေရာနဲ့ ပတ်သက်လို့ရှိရင် မဖွံ့ဖြိုးသေးတာကို တွေ့ရပါတယ်။ လူတွေက အင်တာနက်ကို ထိထိရောက်ရောက် အသုံးမချသေးတာကို တွေ့ရပါတယ်။ ဒါပေမယ့်လို့ ဒါတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ပြောင်းလဲလာမယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ ဒီအပြောင်းအလဲမှာ တစ်တပ်တစ်အား ပါဝင်လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက်ကို အရင်ဆုံးစလုပ်တာပါ။ ဒါကတော့ အလုပ်အကိုင် ရှာဖွေလိုသူတွေအနေနဲ့ အင်တာနက်ကို အသုံးပြုပြီး အလုပ် အကိုင်ရှာဖွေတာကို အားပေးဖို့နဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ အလုပ်အကိုင်တွေကို အင်တာနက်မှာ ကြော်ငြာစေဖို့ပါပဲ။ ကျွန်တော်တို့အနေနဲ့  ဒီအွန်လိုင်းကနေ အလုပ်အကိုင် ရှာဖွေတဲ့လုပ်ငန်းကို ကမ္ဘာ့တိုက်ကြီး လေးတိုက်မှာ လုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ အွန်လိုင်းစီးပွားရေး လုပ်ဖို့ဆိုတာ စောသေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ်လို့ ဒါဟာ ပြောင်းလဲလာမှာပါ။ ကျွန်တော့် အမြင်အရ ဆိုလို့ရှိရင် သုံးနှစ်၊ ငါးနှစ်အတွင်းမှာပဲ ဈေးကွက်က အွန်လိုင်းပေါ်ရွေ့လာမယ်လို့ ယူဆရတယ်။ ဒါပေမယ်လို့ ကျွန်တော်တို့ အနေနဲ့ စောင့်လို့ မရပါဘူး  .  .  . 


မေး - မြန်မာနိုင်ငံမှာလူတွေက အင်တာနက်ကို ထိထိရောက်ရောက် အသုံးမချနိုင်သေးတော့ သူတို့အနေနဲ့ အင်တာနက်အသုံးပြုပြီး အလုပ်အကိုင် ရှာဖွေဖို့အတွက် ဘယ်လိုများ ဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ - မြန်မာနိုင်ငံမှာ အွန်လိုင်းစီးပွားရေး လုပ်ဖို့ဆိုတာ စောသေးတယ် ဆိုတာမှန်ပါတယ်။ ဒါပေမယ်လို့ ဒါဟာ ပြောင်းလဲလာမှာပါ။ ကျွန်တော့် အမြင်အရဆိုလို့ရှိရင် သုံးနှစ်၊ ငါး နှစ်အတွင်းမှာပဲ ဈေးကွက်က အွန်လိုင်းပေါ် ရွေ့လာမယ်လို့ ယူဆရတယ်။ ဒါပေမယ်လို့ ကျွန်တော်တို့ အနေနဲ့ စောင့်လို့မရပါဘူး။ အလုပ်အကိုင် ရှာဖွေသူတွေကို အင်တာနက် က အလုပ်အကိုင်ရှာဖွေတဲ့နေရာမှာ ဘယ်လိုအသုံးဝင်တယ် အစရှိသဖြင့် ပြသ၊ ရှင်းလင်း၊ သင်ပြဖို့လိုပါတယ်။ အင်တာနက်က အလုပ်အကိုင်ရှာဖွေတဲ့ နေရာမှာ အလွယ်ကူ ဆုံးနည်းလမ်းတစ်ခု ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာတော့ ပထမဆုံးအနေနဲ့ အလုပ်ရှာသူတွေနဲ့ စကားပြောမယ်။ အင်တာနက်က သူတို့အတွက် ဘယ်လို အသုံးဝင်တယ်ဆိုတာကို သင်ပြပေးမယ်။ ကျွန်တော်တို့အနေနဲ့ တစ်နေရာထဲမှာ အလုပ်အကိုင်အများကြီးကို လျှောက်ထားနိုင်တဲ့ job fair လိုပွဲမျိုးတွေလုပ်မယ်။ အလုပ်သမား လိုအပ်တဲ့ ကုမ္ပဏီတွေက HR မန်နေဂျာတွေနဲ့ အလုပ်ရှာသူတွေကို ဖိတ်ခေါ်ပြီး အင်တာနက်ကနေ အလုပ်အကိုင် ဘယ်လိုရှာလို့ရတယ် ဆိုတာကို ပြသမယ်။ နောက်ပြီး အင်တာနက်ဆိုင်တွေကနေ တစ်ဆင့် သူတို့ရဲ့ကိုယ်ရေးရာဇ၀င် အကျဉ်းကို  ၀က်ဘ်ဆိုက်မှာ မှတ်ပုံတင်ပြီး အလုပ်ရှာဖွေလို့ ရတယ်ဆိုတာကို ပြသမယ်။ ကြော်ငြာဆိုင်းဘုတ်တွေ၊ သတင်းစာကြော်ငြာတွေက တစ်ဆင့် ဒီဝက်ဘ်ဆိုက်ကို ဘယ်လိုအသုံးချလို့ ရသလဲဆိုတာကို လူတွေကို အသိပေးသွားပါမယ်။
မေး - မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှာဖွေရေး ၀က်ဘ်ဆိုက်တွေလည်း ရှိနေတော့ ဒါကို ဘယ်လိုယှဉ်ပြိုင်သွားဖို့ ရှိပါသလဲ။
ဖြေ - ပြောရရင် ကျွန်တော့်မှာ ဒါနဲ့ ပတ်သက်လို့ တရုတ်ပြည်မှာ ပြိုင်ဖက် ငါးထောင်ခန့်ရှိပါတယ်။ ကျွန်တော်တို့က ဈေးကွက်ထဲမှာ နံပါတ် (သုံး)ပါ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ပြိုင်ဖက်တွေကို မကြောက်ပါဘူး။ ကျွန်တော့်အမြင်မှာတော့ ပြိုင်ဆိုင်ခြင်းဟာ အပြုသဘောဆောင် တဲ့ အရာတစ်ခုလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ အွန်လိုင်းပေါ်မှာ ကုမ္ပဏီတွေ အများကြီးလိုအပ်လို့ပါ။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး နည်းပညာရှိတယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံက ၀န်ထမ်းတွေကို နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်မှုတွေ ပို့ချပြီး လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။
မေး - လူကြီးမင်းရဲ့ ၀က်ဘ်ဆိုက်က နေ အလုပ်အကိုင် ရှာဖွေတဲ့အခါမှာ အလုပ်လျှောက်သူ အနေနဲ့ အလုပ်ရတဲ့ အခါမှာ ငွေကြေးတစ်စုံတစ်ရာပေး ရမှာပါလား။
ဖြေ - မြန်မာနိုင်ငံမှာ အလုပ်လုပ်တော့မယ်လို့ စဉ်းစားတဲ့အခါမှာ ရေရှည်လုပ်ဖို့ ကျွန်တော်တို့ စဉ်းစား ထားပါတယ်။ အလုပ်ရှာသူအနေနဲ့ သူ့ရဲ့ကိုယ်ရေးရာဇ၀င် အကျဉ်းကို ကျွန်တော်တို့ ၀က်ဘ်ဆိုက်ကနေ တစ်ဆင့်တင်ပြီး အလုပ်လျှောက်၊ အလုပ်ရသွားတဲ့အခါမှာ ကျွန်တော်တို့ကို တစ်ပြားသားမှ ပေးစရာမလိုပါဘူး။ ၁၀၀ ရာခိုင်နှုန်း အလကားပါ။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ဝက်ဘ် ဆိုက်ကနေ လိုအပ်တဲ့ရာထူးတွေ အတွက် ကြော်ငြာပြီး ကိုယ်ရေးရာဇ၀င် အကျဉ်းတွေကို download ဆွဲချတဲ့ HR မန်နေဂျာတွေကနေ အဖိုးအခ တောင်းခံသွားမှာပါ။
မေး - ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပေမယ့်လို့ အများပြည်သူအနေနဲ့ သိသိသာသာ မခံစားရသေးတာတွေ ရှိနေပါသေးတယ်။ နောက်ပြီး အလုပ်အကိုင် အများအပြား ဖန်တီးပေးနိုင်မယ့် လုပ်ငန်းတွေလည်း အများကြီးမရှိသေးတဲ့ ဒီလိုအခြေအနေမျိုးမှာ အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်တစ်ခုကို အကောင်အထည်ဖော်ပြီး စီးပွားရေး လုပ်လာတယ်ဆိုတော့ . . .။
ဖြေ - တိုးတက်မှုတွေ ဖြစ်လာ၊ မလာဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော့် အနေနဲ့ ထင်မြင်ချက်မပေးလိုပါဘူး။ ဒါပေမယ်လို့ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံဟာ တိုးတက်လာမယ် ဆိုတာကိုတော့ ယုံကြည်ထားသင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း လုပ်ငန်းတွေ ဆောင်ရွက်နေတာဆိုတော့ ရေရှည်ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တာ၊ ရေရှည်မျှော်တွေးပြီး လုပ်တာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ အသားကျ ကျေနပ်ပြီးသားပါ။
မေး - ဒါဆိုရင် အခု မြန်မာနိုင်ငံမှာ စီးပွားရေးကို စွန့်စားပြီး လုပ်နေတယ် ဆိုတဲ့သဘောများဖြစ်နေမလား။
ဖြေ - ၁၀၀ ရာခိုင်နှုန်းပါပဲ။ လုံးဝ ဟုတ်ပါတယ်။ စွန့်စားတယ်လို့တော့ ကျွန်တော်မမြင်ပါဘူး။ ရေရှည် ရင်းနှီးမြှုပ်နှံတယ်လို့ပဲ ရှုမြင်ပါတယ်။      

REF:EMG




















Thursday, June 28, 2012

ရှမ်းငချိတ်ပြောင်းဟု ဆိုကာ ဆေးဆိုးပြောင်းဖူးများ ရောင်းချလျှက်ရှိကြောင်းသိရ

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျှင်မြို့တွင် ရှမ်းငချိတ်ပြောင်းဟု ဆိုကာ ဆေးဆိုးပြောင်းဖူးများ ရောင်းချလျှက်ရှိကြောင်းသိရသည်။

" အစကတော့ ကျွန်မလဲမသိဘူး ဈေးထဲမှာ ရှားရှားပါးပါး ရှမ်းငချိတ်ပြောင်း (ရှမ်းပြည်မှတင်ပို့သောအနက်ရောင်ပြောင်းဖူး) ဆိုလို့ဝယ်လိုက်မိတယ်။ အခွံမှာ အရောင် နဲနဲစွန်းနေလို့ ဈေးသည်ကိုမေး ကြည့်တော့ ဈေးသည်ကပြောတယ်။ အစ်မစိတ်ထင်တာနေမယ် ကျွန်မလဲ ကျွန်မယောက်င်္ကျားနဲ့ စကားများသေးတယ် ဘာဖြစ်လို့ ဆေးဆိုး
ထားတာတွေ ၀ယ်လာတာလဲလို့ပြောတော့ သူက ဒါမျိုးသစ်နေ မယ် ဈေးထဲမှာဒါပဲတွေ့လို့ ဒါပဲဝယ်လာတာလို့ပြန်ပြောတယ်ရှင့်။ အဲ့ဒါနဲ့အားနာပြီး ၀ယ်လာတာ အိမ်ရောက်တော့ ပြုတ် ကြည့်လိုက်မှ ပြုတ်ရည်ထဲမှာဆိုးဆေးတွေ အများကြီးထွက်လာတယ် တကယ့် ရှမ်းပြောင်းအစစ်က ပြုတ်လိုက်ရင်လဲ ပြောင်းဖူးရိုးက အဖြူရောင်ပဲ အခုက ပြောင်းဖူးရိုးပါနီရဲသွားတာ ဆေးဆိုးထား မှန်းအရမ်းသိသာပါတယ် " ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြို့ခံ တစ်ဦးကပြောသည်။
ရှမ်းပြည်မှတင်ပို့သော ငချိတ်ပြောင်းအမျိုးအစားမှာ ပြုတ်လိုက်လျှင် နီညိုရောင်နှင့် ပုံမှန်ဝါရောင် ရောစပ်နေပြီးပြောင်းဖူးရိုးမှာ ပကတိအတိုင်းအဖြူရောင် ပင်ရှိနေပြီး ပြောင်းဖူးပြုတ်သော ပြုတ်ရည် သည်လဲ အနီရောင်သန်းသွားခြင်းမရှိကြောင်းလည်းသိရှိရသည်။

သတင်း:Popular Myanmar News Journal

Wednesday, June 27, 2012

မြစ်ကြီးနားခရိုင်တွင် တာဝန်ထမ်းဆောင်နေသော ခရိုင်ဒုရဲမှူးကြီး အေးသန်းနှင့်ဇနီး ဒေါ်အေးအေးမူ လာဘ်စားမှု့များကြောင့် မြို့ခံများနှင့်ရဲဝန်ထမ်းများ ပူးပေါင်းတိုင်ကြား



မြစ်ကြီးနား၊ဇွန်(၂၇)

မြစ်ကြီးနားခရိုင်တွင် တာဝန်ထမ်းဆောင်နေသော ခရိုင်ဒုရဲမှူး၏ဇနီး ဖြစ်သူ
ဒေါ်အေးအေးမူ သည် လောင်းကစား(နှစ်လုံး/သုံးလုံးထီ)များ အကြီးအကျယ် ကစားပြီး
ရဲဝန်ထမ်းများထံမှ သိရှိရပါသည်။

"ပြည်သူတွေ နှစ်လုံး/သုံးလုံးထီ ထိုးရင် ဖမ်းတယ်။သူတို့ကျတော့ ကိုယ်တိုင်ထိုးတယ်။နောက်ပြီးရှိသေးတယ် ရဲဝန်ထမ်းတွေ နေရာကောင်းရဖို့အတွက် ခရိုင်ဒုရဲမှူးက မတန်တဆ ငွေ(လာဘ်) တောင်းတယ်။ဒါကြောင့်မို့လို့ အောက်ခြေက ရဲဝန်ထမ်းတွေက လဲ ညည်းကြတယ်။ ဒါကြောင့် ဒီကိစ္စကို  မြို့ခံများနှင့်ရဲဝန်ထမ်းတွေ ပူးပေါင်းပြီး အထက်ကို တိုင်ကြားထားတယ်" ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောကြားသည်။






Tuesday, June 26, 2012

ဘင်္ဂလားဒေ့ရှ် စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် ဒေါ်လာသန်းနှင့်ချီ၍ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေ

မြန်မာနိုင်ငံ၏ ဈေးကွက်ကို ဖွင့်လိုက်ပြီဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ် စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် ဒေါ်လာသန်းနှင့်ချီ၍ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေပြီဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေးသတင်းစာ The Financial Express တွင် ရေးသား ဖော်ပြထားသည်။
အထူးသဖြင့် နိုင်ငံအတွင်း မနေထိုင်သူ ဘင်္ဂလားဒေ့ရှ် လုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ မတို့ထိရသေးသော စီးပွားရေး အလားအလာများဆီသို့ ဦးတည်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအသင်း (BMCCI) နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (BMBPC) တို့အောက်ရှိ ဘင်္ဂလားဒေ့ရှ် လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်အပြီး အခြေအနေများကို လေ့လာရန် မြန်မာနိုင်ငံသို့ပင် လာရောက်လေ့လာပြီးဖြစ်သည်ဟု သိရသည်။
''မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတော့ အဲဒီမှာ ရင်းနှီးမြှုပ်နှံဖို့ အခြေအနေကို လေ့လာတဲ့အနေနဲ့ ဒီလအစောပိုင်းက သွားလည်ခဲ့တယ်။ အစိုးရကရော၊ ပုဂ္ဂလိကကဏ္ဍကရော ကျွန်တော့်ကို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ကြတယ်။ မြန်မာလူမျိုးတွေက ဘင်္ဂလားဒေ့ရှ် လူမျိုးတွေအတွက် စိတ်ဆန္ဒကောင်းတွေ ရှိကြပါတယ်'' ဟု BMBPC ၏ ဥက္ကဌဖြစ်သူ Mr. Syed Mahmudul Huq က Financial Express သို့ ပြောကြားခဲ့သည်။
၎င်းက မြန်မာနိုင်ငံတွင် ၀န်ဆောင်မှု ကဏ္ဍများဖြစ်သည့် ဆက်သွယ်ရေး၊ အိုင်တီနည်းပညာ၊ ခရီးသွား၊ လေကြောင်း၊ ငါးမွေးမြူရေး၊ စိုက်ပျိုးရေး အခြေခံလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့တွင်လည်း ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ရှိနေသည်ဟု ဆိုသည်။
'' မြန်မာ့လွှတ်တော်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ရည်ရွယ်ပြီး လာမယ့်ဇူလိုင်လမှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အတည်ပြုဖို့ ရှိနေတယ်။ အဲဒီဥပဒေ အတည်ပြုပြီးရင် နိုင်ငံခြားသားတွေလည်း ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်လာနိုင်မယ်'' ဟု ၄င်းက ဆက် လက်ပြောကြားခဲ့သည်။
၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံကို တင်ပို့သော ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉.၆၅ သန်းရှိပြီး မြန်မာနိုင်ငံမှ တင်သွင်းရသည့် သွင်းကုန်တန်ဖိုးမှာ ၁၇၅.၇၂ သန်း ရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ဘိလပ်မြေ၊ ဆေးဝါး၊ နို့ဆီနှင့် လျှပ်စစ်ကြိုးများ အဓိကတင်ပို့ပြီး မြန်မာနိုင်ငံမှ ဆန်၊ ငါး၊ ကျွန်းသစ်နှင့် အခွံမာသီးများ တင်သွင်းသည်ဟု သိရသည်။
Ref:EMG

Sunday, June 17, 2012

မြန်မာနိုင်ငံတွင် စီးပွားရေးဇုန်ဖွံ့ဖြိုးရေးဂျပန်နှင့် ထိုင်းပူးပေါင်းရန်လိုအပ်ဟု သက်ဆင်ပြော(Ref: 7Day News Journal)

ဂျပန်နိုင်ငံသို့ရောက်ရှိနေသော ယခင်ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထန်က မြန်မာနိုင်ငံအတွင်း အထူးစီးပွားရေးဇုန်တစ် ခုဖွံ့ဖြိုးရေးအတွက် ဂျပန်နှင့်ထိုင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်းပြောကြားခဲ့သည်။

သက်ဆင်က ဂျပန်သတင်းစာ ဟရိမီယူရီရှင်ဘွန်းနှင့် တွေ့ဆုံခန်း၌ မြန်မာနိုင်ငံသည် ထိုင်းကုမ္ပဏီများအား ထားဝယ်ရှိ အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေး ၀င် ရောက်လုပ်ကိုင်ရန် ခွင့်ပြုထားကြောင်း၊ ထားဝယ်ဒေသစီးပွားရေးဖွံ့ဖြိုးရေးတိုးတက်မှုသည် ဂျပန်နှင့်ထိုင်းအတွက် အရေးပါသော မဟာဗျူဟာတစ်ရပ်ဖြစ်လာမည် ယူဆကြောင်းဆိုခဲ့သည်။

၎င်းက ထိုင်းနိုင်ငံအလယ်ပိုင်းရှိ စက်မှုဆိပ်ကမ်းဒေသနှင့် ထားဝယ်တို့အကြား ပိုက်လိုင်းတစ်ခုချိတ်ဆက် မိပါက ထိုင်းအတွက် ဓာတ်ငွေ့ သယ်ယူမှု ကုန်ကျစရိတ်လျော့ကျပြီး အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းတင်သွင်းနေရမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်းပြောသည်။

သက်ဆင်သည် ဂျပန်နိုင်ငံသို့ ဇွန် ၁၆ ရက်က ရောက်ရှိခဲ့ပြီး တိုကျိုမြို့တွင် ဂျပန်-ထိုင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးအသင်း၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ၎င်းသည် ဂျပန်၌ ကိုးရက်ကြာ နေထိုင်စဉ်အတွင်း နှစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍများတွင် ဆက်ဆံရေးပိုအားကောင်းလာရန် မျှော်လင့်ထားသည်။