Showing posts with label နယ်သတင်းများ. Show all posts
Showing posts with label နယ်သတင်းများ. Show all posts

Saturday, August 25, 2012

NLD ပါတီ၏အောက်ခြေဖြစ်ရပ်များအား ဒေါ်အောင်ဆန်းစုကြည် မသိရှိနိုင်သေးဟု ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပါတီဝင်အများစုကဆို


NLDပါတီ၏ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်ကော်မရှင်များရွေး ချယ်မှုနှင့် ပတ်သက်ပြီး ပါတီတွင်း ဒီမိုက ရေစီ နည်းလမ်း မကျပဲ ဗဟိုဦးစီး စနစ်ချုပ်ကိုင် မှုရှိနေသည်ဟုဆိုကာ ယင်းနှင့်ပတ်သက်ပြီး ပါတီဝင် အချင်းချင်းကြား မကျေနပ်မှုများ ရှိနေသည်ကို NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် မသိရှိနိုင်သေးကြောင်း ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ၊NLDဥက္ကဌ ဦးတင်ဦး ကထုတ်ဖော်ပြောကြား လိုက်သည်။


အဆိုပါကိစ္စနှင့်စပ်လျှဉ်း၍ သြဂုတ်လ ၂၅ ရက်နေ့တွင် ပုသိမ်ခရိုင်မှ (၇)မြို့နယ်အပါအ၀င်၊ ဟင်္သာတ၊ ဓနုဖြူ၊မြောင်းမြမြို့နယ် များမှ NLD မြို့နယ်ဥက္ကဌများနှင့်ပါတီဝင်များ သည်ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပါတီဝင်များတွေ့ဆုံကြပြီး မြို့နယ်အလိုက်ပါတီတွင်းဖြစ်စဉ်များ ကို တင်ပြ ဆွေးနွေးကြသည်။

“ဒီလိုမှညှိနှိုင်းမဆွေးနွေးရင် ပါတီဝင်လူငယ်တွေ လမ်းပေါ်ထွက် လာလိမ့်မယ်။ ပါတီတွင်းမှာ တပည့်မွေး ဆရာမွေး ကိစ္စတွေဖြစ်နေတယ်။ ဒါကို ဥက္ကဌသိအောင် ၊ပြည်သူတွေသိအောင်လုပ်သွားမှာပါ။ အဓိကတော့ ဒီမိုကရေစီနည်းလမ်း မကျပဲ ဗဟိုဦးစီးစနစ်ချုပ်ကိုင်မှုရှိနေတယ်”ဟု ဦးတင်ဦးကဆိုသည်။

ပါတီ၏မြို့နယ်ကော်မရှင်ရွေးချယ်မှုနှင့်ပက်သက်၍နိုင်ငံရေးအတွေ့ရှိသောပါတီဝင်များထက် ကြားဖြတ် ရွေးကောက်ပွဲကာလ အတွင်းဝင်ရောက် လာသည့် ပါတီဝင်များအား ရွေးချယ်ခဲ့ခြင်းမှာလက်ရှိ အခြေအနေ တွင် ပါတီဝင် အချင်းချင်း တင်းမာမှုများ ရှိနေကြောင်းလည်း ၁၉၉၀ ခုနှစ်တွင်သာပေါင်းမြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ်ဦးသန်းဝင်း ကသုံးသပ်ပြောကြားသည်။

ယင်းကပင်“လူရွေးချယ်မှုမှာပုဂ္ဂိုလ်ရေးတွေပါတယ်၊၈၈ တုန်းကလုပ်နေတဲ့ လူတွေထက်လော လော ဆယ် ၂၀၁၂ မှာ ၀င်လာတဲ့သူတွေ ကို ရွေးချယ်တယ်၊ ဒီကိစ္စကိုဒီမှာရှိတဲ့ ပါတီဝင် တော်တော်များများ ကမကျေ နပ်ကြ ဘူး”ဟုဆိုသည်။

ယင်းမကျေနပ်ချက်များနှင့်ပက်သက်၍ သြဂုတ်လ ၁၂ရက်နေ့တွင် မြောင်းမြမြို့၌ NLD ပါတီဝင် ၃၀၀ ခန့်က“ဗဟိုဦးစီးစနစ် အလိုမရှိ”ဟူသော ကြွေးကြော်သံများ၊ဆိုင်းဘုတ်များကိုင်ဆောင်ကာ တိုင်း ကော်မရှင် အားဦးတည်ကာ ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ယင်းဆန္ဒထုတ်ဖော်မှုတွင်မြောင်းမြ မြို့နယ် ရပ် ကျေး NLD အဖွဲ့ခေါင်းဆောင်ဖြစ်သော ဦးမြင့်ကျော်နှင့်ဦးစစ်အောင်မှ ဦးဆောင်ခဲ့ကြောင်းသိရ သည်။

Ref:တည်ကြည်အေး(Yangon Media)

လားရှိုး- မန္တလေး မီးရထား ခရီးစဉ် ပုံမှန်ပြန်လည် ပြေးဆွဲ လျက်ရှိ



လားရှိုး သြဂုတ် ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး- မန္တလေး ပုံမှန်ပြေးဆွဲ လျက်ရှိသော မီးရထား ခရီးစဉ်ကို သြဂုတ် ၁၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ တိုက်စားမှုကြောင့် မြေပြတ် ပြိုကျ သွားသော မီးရထားလမ်း မိုင်တိုင်အမှတ် (၅၃၈/၁၂)နှင့် (၅၃၈/၁၄)ကြား မန်းပွဲ ဘူတာနှင့် မန်ဆန်ရေကျ ဘူတာကြား မီးရထားလမ်းကို ပြန်လည် ပြုပြင်ခဲ့ရာ သြဂုတ် ၂၃ ရက်က ပြီးစီးသွားသဖြင့် လားရှိုး- မန္တလေး မီးရထား ခရီးစဉ်အား ပုံမှန် ပြန်လည် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

Ref:မြ၀တီ

ပထမဦးဆုံး BarCamp အဖြစ် BarCamp Pyay 2012 ကို အ.ထ.က (၁) ပြည်တွင် စတင်ကျင်းပ

 










ပြည်မြို့၏ ပထမဦးဆုံး BarCamp အဖြစ် BarCamp Pyay 2012 ကို အ.ထ.က (၁) ပြည်တွင် စတင်ကျင်းပလျှက်ရှိသည်။ အခြား BarCamp ပွဲများထက် ထူးခြားချက်အဖြစ် Organic စိုက်ပျိုးရေး၊ သရေခေတ္တရာမြို့ဟောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးအသိပညာဝေမျှ လျှက်ရှိပြီး ယခု BarCamp သို့ ဒေသခံ BarCamper များအပြင် ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများမှ BarCamper ၁၀ ဦးကျော်ခန့် တက်ရောက်ကာ အသိပညာဝမျှလျှက်ရှိသည်။

သတင်း-Internet Journal
ဓာတ်ပုံ-CJ Myanmar




ကြေးနီစီမံကိန်းအတွက် လယ်ဧက၇၈၀၀သိမ်းဆည်းခံရသဖြင့် ဆန္ဒပြမှုဖြစ်ပွား









မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရ
ှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့်ပတ်သက်ပြီး သိမ်းဆည်းခံခဲ့ရသော လယ်ဧက ၇၈၀၀အတွက် ဒေသခံ (၂၂)ရွာမှ ရွာသူရွာသားများသည် ၄င်းတို့ ပိုင်ဆိုင်သော လယ်မြေများ ပြန်လည် ရရှိရန် ဆန္ဒဖေါ်ထုတ်မှုများ သြဂုတ်လ တတိယပတ်တွင် နေစဉ်ဆိုသလို ဖြစ်ပွားလျှက်ရှိကြောင်း သိရှိရသည်။

သြဂုတ်လ (၂၄)ရက်နေ့က ရွာသားများသည် ၄င်းတို့ပိုင်ဆိုင်သော မြေယာများအပေါ်တွင် "ကျေးရွာပိုင်မြေများ မည်သူမျှ လုံးဝမကျူးကျော်ရ" ဆိုင်းဘုတ်စိုက်ထူရန် သွားရောက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၄၀၀)ခန့်က ဒိုင်းများ ရာဘာတုတ်များဖြင့် ခြောက်လှန့် လူစုခွဲခဲ့ကြောင်း သိရသည်။

Ref:EMG

Friday, August 24, 2012

ထားဝယ် အများပိုင် ကုမ္ပဏီ အကြီးစား လုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်



ထားဝယ်၊ သြဂုတ် ၂၃

ထားဝယ် ဒေသခံ လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော ထားဝယ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီ ( DDPC ) သည် ဘဏ်၊ လေကြောင်း လိုင်း၊ ဆိပ်ကမ်း စသည့် အကြီးစား လုပ်ငန်းများ လုပ်ကိုင်ရန် ရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ယင်းကုမ္ပဏီသည် ယခုလက်ရှိ တွင် မောင်းမကန် ကမ်းခြေ ဟိုတယ်ဇုန်၊ ကမြောကင်း တံတားအနီး ထားဝယ်မြစ် ကမ်းနံဘေးတွင် တည်ဆောက်မည့် ဈေးဝယ်စင်တာ၊ ထားဝယ်မြို့ ရွှေဝယ် သီရိအားကစားကွင်းအနီးတွင် တည်ဆောက်နေသည့် သင်တန်း ကျောင်းများကို စတင်အကောင်အထည် ဖော်လျက်ရှိသည်။

ကုမ္ပဏီအစုရှယ်ယာဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ( KNU ) အပါအ၀င် ထားဝယ်ဒေသရှိ လူထု အခြေပြု အဖွဲ့အစည်းများကို ဖိတ်ကြား ကာ ကုမ္ပဏီ၏ ရှေ့လုပ်ငန်းစဉ်များကို သြဂုတ်လ ၂၆ ရက်နေ့၌ ထားဝယ်မြို့ တွင် ရှင်းလင်းမည်ဖြစ်သည်။

ကုမ္ပဏီ၏ ယခုလုပ်ကိုင်နေသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ထားဝယ်ဒေသခံများသိစေရန်၊ ရှယ်ယာ ရှင်များသိစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ကျင်းပရခြင်းဖြစ်ကြောင်း ထားဝယ် အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။

မောင်းမကန်ကမ်းခြေမြောက်ဘက် ဟိုတယ်ဇုန်တည်ဆောက်ရန် မြေနေရာ ကို ရှင်းလင်းသည့်ကိစ္စနှင့်ပတ်သက် ပြီး မောင်းမကန်ဒေသခံများက ပွင့်လင်း မြင်သာမှုမရှိ၊ ရှေ့လုပ်ငန်းစဉ်များကို သေသေချာချာမပြောပြနိုင်ဟု ဝေဖန်သံ များ ထွက်လာပြီး တစ်လကျော်အကြာ မောင်းမကန်ဒေသခံများနှင့် ထားဝယ် ၈၈ မျိုးဆက်များမှ ယင်းကိစ္စနှင့် ပတ်သက်ပြီး အိတ်ဖွင့်စာပေးအပြီး တစ်လ ခန့်အကြာတွင် ထားဝယ်အများပိုင် ကုမ္ပဏီက ယင်းသို့ရှင်းလင်းပွဲ ပြုလုပ် ရန်စီစဉ်ခြင်းဖြစ်သည်။

အမည်တပ်ထားသကဲ့သို့ အမှန် တကယ် အများပိုင်ကုမ္ပဏီဆိုလျှင် ဒေသခံအများစု ပါဝင်လာနိုင်အောင် ကြိုးစားသင့်ပြီး ယခုလက်ရှိအချိန်တွင် ငွေကြေးအင်အား တတ်နိုင်သူ လူတချို့ သာ ပါဝင်နေရာယူနိုင်သည့်ပုံစံဖြစ်နေ သည်ဟု အသက် ၃၀ ကျော်အရွယ် ဒေသခံကုန်သည်တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

Ref:The Voice

လှော်ကား - အင်းစိန် လော်ကယ်ရထား တိုက်မိ၍ တစ်ဦးသေဆုံး



ရန်ကုန်၊ သြဂုတ် ၂၄

မီးရထား တိုက်မိ၍ မတော်တဆ လူသေဆုံးမှုများ ဖြစ်ပွားနေဆဲ မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့ နယ် အင်းစိန်ဘူတာ၌ ဆဒ္ဒန် ( ၅ ) အမည်ရှိ လှော်ကား- အင်းစိန် လော်ကယ် ရထား တစ်စီး ဝင်ရောက်လာစဉ် ရထားလမ်း ဖြတ်ကူးခဲ့သူ တစ်ဦး ပွဲချင်းပြီး သေဆုံးမှု သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း အင်းစိန် ဘူတာရုံပိုင်က ပြောကြားသည်။

သေဆုံးသွားသူမှာ အသက် ၃၀ ကျော်ခန့်ရှိ အမျိုးသား တစ်ဦး ဖြစ်ပြီး ရထား ဝင်လာစဉ် ရုတ်တရက် ဖြတ်ကူးလိုက်သဖြင့် တိုက်မိခြင်း ဖြစ်ကြောင်း မျက်မြင် ခရီးသည်တစ်ဦးက ဆိုသည်။

ယင်းအပြင် ကြည့်မြင်တိုင် ဘူတာလည်း သြဂုတ် ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က အသက် ကိုးနှစ်အရွယ်ရှိ မျက်မမြင် ကလေးငယ် တစ်ဦး ရထားတိုက်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း လှော်ကား - ရန်ကုန် ရထားထိန်း တစ်ဦးက ပြောကြားသည်။

ဝန်ကြီး ဦးအောင်မင်းနှင့် PNLO တို့ ပြည်တွင်း၌ ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးမည်


ရန်ကုန်၊ သြဂုတ် ၂၄

ထိုင်းနိုင်ငံတွင် သုံးကြိမ်ခန့် အလွတ်သဘော တွေ့ဆုံထားပြီး ဖြစ်သည့် PNLO ( ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ပြည်တွင်း၌ ပထမဆုံး အကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်ကြောင်း တာချီလိတ်တွင် နေထိုင်သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးနေဝင်းက ပြောကြားသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ တောင်ကြီး ဟိုတယ်တွင် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ၌ ကျင်းပ ပြုလုပ်မည့် အဆိုပါ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ဇူလိုင်လက ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် PNLO ကိုယ်စားလှယ် အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန်၊ ဆက်ဆံရေး ရုံးဖွင့်ရန် လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာခွင့် ပြုရန်၊ အပစ်ရပ်ပြီးနောက် မအိုဝ်း ပြည်သူ လူထုနှင့် တွေ့ဆုံနိုင်ရန် အပါအဝင် အချက်ခြောက်ချက်နှင့် ဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယခု တွေ့ဆုံမှုတွင် အဆိုပါ အချက်ခြောက်ချက်ကို ဆွေးနွေးသွားရန် ရှိကြောင်း PNLO က ထုတ်ပြန်ထားသည်။

PNLO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်း ၏ အဖွဲ့မှာ ဇွန်လ အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် လေ့လာမှုများ လုပ်ဆောင်ခဲ့သည်။

Ref:The Voice

ကြားဖြတ်သတင်း---အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ အေးရှားဝေါလ် ကုမ္ပဏီရှေ့တွင် ယခု ည၇ နာရီကျော်အထိ "ရေမြောင်း ပြန်ဖွင့်ပေးပါ.... အေးရှားဝေါလ်... အေးရှားဝေါလ်" ဟူ၍ ဆက်တိုက်အော်ဟစ်လျှက် ရှိကြကြောင်း သိရ



စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် သုံးမြို့ပေါင်းစီးဆင်းသည့် သီရိမင်္ဂလာဈေးဟောင်းအနီး၊ မြောင်းကြီးထိပ်ရေဆင်းမြောင်းကို အေးရှားဝေါလ်ဆိပ်ကမ်း မှ ကွန်ကရက်များဖြင့် ပိတ်ဆို့ထားမှုရှိနေသော ကြောင့် ရေများမစီးဆင်းနိုင်ဘဲ အနီးအနားရပ်ကွက်များသို့ လျှံထွက်ကာ ပေါင်လယ်ခန့်နစ်မြုပ်လျှက်ရှိသောကြောင့် လူအင်အား ၂၀၀ ခန့်သည် အေးရှားဝေါလ်
ဆိပ်ကမ်းကုမ္ပဏီရှေ့၌ ယခုညနေမှစတင်ကာ ဆန္ဒဖော်ထုတ် တောင်းဆိုနေကြကြောင်း သိရသည်။

ရေမြောင်းပိတ်ဆို့နေမှုကြောင့် အနီးအနားရပ်ကွက်များသို့ ရေလျှံရာတွင် သီတာရပ်ကွက်မှာ အဆိုးဆုံးဖြစ်ပြီး ပေါင်ရင်းခန့်ရေများ မြင့်တက်လာနေ ကြောင်း ယင်းနေရာမှ 7Day News သတင်းထောက်က သတင်းပေးပို့သည်။

အေးရှားဝေါလ်ကုမ္ပဏီမှ အင်ဂျင်နီယာများနှင့် အလုပ်သမားများက ရေမြောင်းကိုပိတ်ဆို့ထားသည့် ကွန်ကရစ်များကို စတင်ဖယ်ရှားနေသော် လည်း ပြီးစီးရန် ကြာမြင့်လိမ့်ဦးမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

ယနေ့(သြဂုတ် ၂၄ရက်) ညနေ လေးနာရီခွဲခန့်မှ စတင်စုဝေးနေသော ရပ်ကွက်နေလူထုမှာ အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ အေးရှားဝေါလ် ကုမ္ပဏီရှေ့တွင် ယခု ည၇ နာရီကျော်အထိ "ရေမြောင်း ပြန်ဖွင့်ပေးပါ.... အေးရှားဝေါလ်... အေးရှားဝေါလ်" ဟူ၍ ဆက်တိုက်အော်ဟစ်လျှက် ရှိကြကြောင်း သိရသည်။

Ref:(7Days News)

မန္တလေးမိုးကုတ်လမ်းပေါ် မရှိခဏတောင်အနီး နှောပင်မောင်နှမ နတ်ကွန်းအနီး ဆိုင်ကယ်နှင့် မတ္တရာမြို့မှ အုတ်ကားတစ်စီးတို့တိုက်မိ

မန္တလေး သြဂုတ်(၂၄)

ပုသိမ်ကြီးမြို့နယ်အတွင်း မန္တလေးမိုးကုတ်လမ်းပေါ် မရှိခဏတောင်အနီး နှောပင်မောင်နှမ နတ်ကွန်းအနီး ဆိုင်ကယ်နှင့် မတ္တရာမြို့မှ အုတ်ကားတစ်စီးတို့တိုက်မိရာ ဆိုင်ကယ်စီးသူမှာပေါင်ကျိုးသွားပြီး ဆေးရုံသို့အရေးပေါ်တင်ပို့လိုက်ရကြောင်းသတင်းရရှိသည်။


သတင်းနှင့်ဓာတ်ပုံ-CJ Myanmar

မြစ်မခမှ ထပ်မံရရှိသော မန်း ကြေးကုန်သည် အလုပ်ရှင် အသတ်ခံရမှုသတင်း

မြစ်မခမှ ထပ်မံရရှိသော မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ် ၊ တမ္ပ၀တီ - ခတ္တန်းရပ်တွင် ယမန်နေ့ည (၁၀)နာရီခွဲဝန်းကျင်က အလုပ်သမားက အလုပ်ရှင် အား ပစ္စည်းလု၊လူသတ်မှု နောက်ဆက်တွဲသတင်းများ

၂၀၁၂ခုနှစ် ၊ သြဂုတ်လ (၂၃)ရက်နေ့ ည ( ၁၀ )နာရီခွဲအချိန်က မန္တလေးတိုင်းချမ်းမြသာစည်မြို့နယ် ၊ တမ္မပ၀တီရပ်ကွက် ၊ ခတ္တန်းရပ်ကွက်တွင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း အမှတ်(၁၀)ရဲစခန်မှ တာဝန်မှူးကအတည်ပြုပြောကြားသည်။

သေဆုံးသူမှာ အဆိုပ

ါရပ်ကွက်တွင်နေထိုင်သူ ဦးတင်မောင်မြင့်ဖြစ်ပြီးဇနီးဖြစ်သူဒေါ်ဌေးဌေးဝင်း ကိုလည်း နောက်ကျောတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ၊၀ဲလက်မောင်း ပျက်ရှဒဏ်ရာတစ်ချက်နှင့် ၀ဲလက်ခလယ်ပျက်ရှဒဏ်ရာတစ်ချက်တို့ဖြင့် မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံနေရ ကြောင်းသိရသည်။

တရားခံဖြစ်သူ ငတိ (ခ)ကျော်မင်းဦးအား သြဂုတ်လ(၂၃)ရက်နေ့ နံနက်(၃)နာရီထိုးခါနီးတွင် ၎င်း၏အိမ်မှ ဖမ်းမိကြောင်းသိရပြီး အမှုကြီးအမှတ်စဉ် ( ၂/၂၀၁၂ ) ပုဒ်မ ( ၃၀၂ )ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရပြီး အမှုစစ်မှာစခန်းမှူး ရဲအုပ်သိန်းဦးဖြစ်ကြောင်းကိုလည်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သတ်၍ တရားခံမှာ နေအိမ်အတွင်းသို့ကြိုတင်ရောက်ရှိနေပြီး ဦးတင်အောင်မြင့်နှင့် ဇနီးဖြစ်သူတို့
အိပ်ခန်းအတွင်းမှ အထွက်တွင် လှေခါးအကွယ်တွင် ပုန်းနေရာမှထွက်လာပြီးဓါးဖြင့်ထိုးကာ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ရဲသုံးသပ်ချက်မှတ်တမ်းအရသိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ သေဆုံးသူ ဦးတင်မောင်မြင့်၏အကိုဖြစ်သူဒေါက်တာဌေးမြင့်ကို ဆက်သွယ်မေးမြန်းခဲ့ရာ သေဆုံးသူ ဦးတင်မောင်မြင့်၏သမီးဖြစ်သူမှ ၎င်းအား ဖုန်းဆက် အကြောင်းကြားခဲ့၍ သိရှိခဲ့ကြောင်းပြောပြခဲ့သည်။

'' ကျွန်တော့်ဆီဖုန်းဆက်တော့ ည(၁၁)နာရီရှိနေပြီ ၊ သူတို့က အောက်ထပ်မှာအိပ်တယ် ၊ ကလေးတွေက အပေါ်ထပ်မှာ ၊ သူ့သမီးက ကျွန်တော့်ကို ဖုန်းဆက်ပြီးအောက်မှာ အဖေကြီးကို လုပ်နေလို့ဆိုပြီး ဖုန်းဆက်ခေါ်တာနဲ့ချက်ခြင်းလိုက်လာတာ ဒီရောက်တော့ ဓါးဒဏ်ရာနဲ့ လဲနေ တာတွေ့လို့ ဆေးရုံတန်းခေါ်သွားတယ် ၊ ဟိုရောက်တော့ ဆုံးသွားတယ် '' ဟု ဒေါက်တာဋ္ဌေးမြင့်က ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဒေါက်တာဌေးမြင့်မှ ဖြစ်စဉ်အားအတိအကျမသိသေးကြောင်း ၊ ဒေါ်ဌေးဌေးဝင်းမှာလည်း စကားမပြောနိုင်သေး၍ငွေကြေးနှင့် ပစ္စည်းများဆုံးရှုံးမှု ရှိမရှိကို မသိရ သေးကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရားခံဖြစ်သူ ငတိ(ခ)ကျော်မင်းဦးသည် တမ္မပ၀တီအရပ် ၊ ငွေဇင်ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ဘုရားရောင်တော်ဖွင့်လုပ်ငန်းလုပ်ကိုင်သူဖြစ်ကာသေဆုံးသူ ဦးတင်မောင်မြင့်၏ ကြေးသွန်း ပစ္စည်း များကို ၎င်းအိမ်တွင်ယူ၍အရောင်တင်သော အလုပ်လုပ်ကိုင်သူဖြစ်ပြီး ဦးတင်မောင်မြင့်၏ တပည့်ဟောင်းတစ်ဦးလည်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မှုခင်းဖြစ်ပွားသည့်အချိန်က မန္တလေးမြို့တွင် မိုးအနည်းငယ်ရွာသွန်းနေချိန်ဖြစ်ကြောင်းသိရပြီး ပတ်ဝန်းကျင်မှ အိမ်များသိရှိချိန်
နောက်ကျခဲ့ကြောင်းကိုလည်း ခတ္တန်းရပ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးကပြောကြားသည်။

`` မနေ့ညက မိုးရွာနေတော့ အကုန်လုံး စောစောအိပ်ကြတာ ၊ အမှန်ဆိုအခင်းဖြစ်တဲ့အိမ်နဲ့ မျက်စောင်းထိုးမှာ ဆေးခန်းရှိတယ်။ အဲဒီဆေးခန်းကိုကည(၁၂)လောက်မှ ပိတ်တာ ၊ နောက် ဒီအရပ်က အလုပ်က ည တစ်နာရီ လောက်ဆိုပြန်ထပြီး
လုပ်ကြတယ် ၊ လူသွားလူလာတော့ မပြတ်ဘူး ၊ ဖြစ်ပြီးလို့ သူတို့ ထွက်အော်မှပဲသိလိုက်ရတာ ´´ ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ် ၊ တမ္ပ၀တီ - ခတ္တန်းရပ်တွင် ယမန်နေ့ည (၁၀)နာရီခွဲဝန်းကျင်က အလုပ်သမားက အလုပ်ရှင် အား ပစ္စည်းလု၊လူသတ်မှုဖြစ်ပွားခဲ့

အခင်းဖြစ်ပွားသော နေအိမ်





အသတ်ခံရသူ၏ ရုပ်ကလာပ်ထည့်ထားသော အခေါင်း


အခင်းဖြစ်ပွားသော နေအိမ်


မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ် ၊ တမ္ပ၀တီ - ခတ္တန်းရပ်တွင် ယမန်နေ့ည (၁၀)နာရီခွဲဝန်းကျင်က အလုပ်သမားက အလုပ်ရှင် အား ပစ္စည်းလု၊လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်ပွားပုံမှာ ယမန်နေ့(၂၃.၈.၂၀၁၂)ည (၁၀)နာရီခွဲဝန်းကျင်က လူယုံဖြစ်သူ တပည့် မောင်တိ(မှတ်ပုံတင်အမည်မသိရသေး) က ကြေးကုန်သည်  အလုပ်ရှင် ဦးတင်မောင်မြင့် နှင့် ဇနီး (သားတစ်ဦး)(သမီးတစ်ဦး) တို့နေထိုင်သော မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ် ၊ တမ္ပ၀တီ - ခတ္တန်းရပ် ရှိ နေအိမ်သို့ အလုပ်ချိန် သိမ်းပြီးသော်လည်း အလုပ်ရှင်မိသားစု နေထိုင်သော နေအိမ်(အောက်ထပ်)တွင် ပုန်းအောင်းနေခဲ့သည်။

ထို့နောက် အလုပ်ရှင်ဖြစ်သူ နှင့်ဇနီးတို့က အိမ်အောက်ထပ်တွင် အိပ်ရာဝင်ခဲ့ကြပြီး သားနှင့်သမီးဖြစ်သူတို့က အိမ်အပေါ်ထပ်တွင် အိပ်ရာဝင်ခဲ့ကြသည်။
 အလုပ်ရှင်ဖြစ်သူ ဦးတင်မောင်မြင့်က အိမ်အောက်ထပ်ရှိ ကြေးဗုဒ္ဓရုပ်ပွားတော်များ ထားရှိရာ နေရာတွင် အသံတစ်စုံတစ်ရာ ကြားမိသဖြင့် လင်မယားနှစ်ယောက် အခန်းတွင်းမှ ထွက်ကြည့်ရာ လူယုံတပည့်ဖြစ်သူ မောင်ငတိက အသင့်ယူဆောင်လာသော အသားလှီး စတီးဓားဖြင့် အချက်ပေါင်းများစွာ အလုပ်ရှင်ဖြစ်သူ ကို ထိုးသတ်ခဲ့သည်။

အလုပ်ရှင်ဦးတင်မောင်မြင့်၏ ဇနီး ဒေါ်ဌေးဌေးဝင်း အား လူယုံမောင်ငတိက ရန်ပြုတိုက်ခိုက်ခဲ့ကြောင်းလည်းသိရသည်။

အလုပ်ရှင် ဦးတင်မောင်မြင့်မှာ ယမန်နေ့ည ၁၀နာရီခွဲ ၀န်းကျင်က ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်းမှာ ပြတ်ရှ ဒဏ်ရာများရရှိခဲ့ကာ ယခုအချိန်တွင် ဆေးရုံသို့ တတ်ရောက်ကုသနေရကြောင်းသိရသည်။

သားနှင့်သမီးဖြစ်သူတို့မှာ မည့်သည့် ဒဏ်ရာမှ မရရှိကြောင်းလည်းသိရပါသည်။

တရားခံ အား ညတွင်းချင်း ဖမ်းဆီးရမိပြီး ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက တရားခံကို အခင်းဖြစ်ပွားရာနေအိမ်သို့ ပြစ်မှုကျုးလွန်ပုံ အသေးစိတ်(demonstration) သရုပ်ပြစေခဲ့ကြောင်းသိရသည်။

အသတ်ခံခဲ့ရသူ အလုပ်ရှင် ဦးတင်မောင်မြင့်၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို (၂၅.၈.၂၀၁၂) နေ့လည်(၂)နာရီတွင် တောင်အင်း-မြောက်အင်း သုသာန်သို့ ပို့ဆောင် မီးသဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။



နောက်ဆက်တွဲ ရရှိသော သတင်းများကို ဆက်လက် တင်ပြပေးသွားပါမည်။
အသတ်ခံရသူ အလုပ်ရှင်၏ အသုဘရှုဖိတ်ကြားလွှာ




နိုင်ငံတော်သမ္မတ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ဆရက်ကွင်းကျေးရွာသို့ ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ဆရက်ကွင်းကျေးရွာသို့ ယနေ့(သြဂုတ်လ ၂၄ရက်) နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ရောက်ရှိခဲ့ပြီး ဒေသခံ လယ်သမားများအား စိုက်ပျိုးစရိတ် အရင်းအနှီးများ ထုတ်ပေးခဲ့ကြောင်း သိရသည်။ ယင်းသို့ စိုက်ပျိုးစရိတ် အရင်းအနှီးများ ထုတ်ပေးရာတွင် တင်းပေါင်း ၈၀၉၅၈တင်းအတွက် ငွေက
ျပ် ၄၀၄၇.၉ သိန်း ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော် သမ္မတ၏ ခရီးစဉ်သည် ဒေသခံပြည်သူများ၏ ပညာရေးကျန်းမာရေးနှင့် ရေနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအတွက် ပြန်လည် ဖန်တီးပေးရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးသို့ ဆက်လက်သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

Thursday, August 23, 2012

မန္တလေး လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့ ၁၀ဖွဲ့ နိုင်ငံတော် သမ္မတ ပုံပါ တီရှပ်များ ရောင်းချ



မန္တလေး၊ သြဂုတ် ၂၃

မန္တလေးမြို့ပေါ်ရှိ ရဟန်းတော် ထောင်ချီ သီတင်းသုံးလျက် ရှိသော မစိုးရိမ် တိုက်သစ် ဆရာတော် အရှင်ဝီရသူ ဦးဆောင်မှုဖြင့် လူမှုရေးနှင့် ဘာသာရေး အသင်းအဖွဲ့ ၁၀ ဖွဲ့က နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ပုံပါ တီရှပ်များကို ယနေ့တွင် စတင် ရောင်းချခဲ့ကြောင်း ဆရာတော် အရှင်ဝိရသူက မိန့်ကြားသည်။

အဆိုပါ တီရှပ်များ ရောင်းချသည့် အဖွဲ့အစည်းများမှာ မြတောင်ကျောင်း ဘေးရှိ သာမဏေ စောင့်ရှောက်ရေး အဖွဲ့၊ ၉၆၉ လူငယ် ပရဟိတ အဖွဲ့နှင့် ရခိုင် လူငယ်များ ပါဝင်သည့် အသင်းအဖွဲ့ ၁၀ ဖွဲ့တို့ဖြစ်ပြီး ယင်းကဲ့သို့ ရောင်းချရခြင်းမှာ ရခိုင် အရေးအခင်းတွင် သမ္မတကြီး၏ ရပ်တည်ချက် လုံးဝ မှန်ကန်စေရေး အတွက်နှင့် အကြမ်းဖက်မှုကို လုံးဝ ရှုံ့ချ လိုသည့်အတွက်ကြောင့် ဖြစ်ကြောင်း၊ ယင်းတီရှပ်၏ အရှေ့ခြမ်းတွင် ရခိုင်အလံပေါ်တွင် သမ္မတကြီးပုံနှင့် ရခိုင်ရင်ထိုးပါ တံဆိပ် တပ်ထားသော ဓာတ်ပုံနှင့် နောက်ကျောတွင် UN ကိုယ်စားလှယ်ကင်တားနား၏ ခွဲခြား ဆက်ဆံမှုကို ကန့်ကွက်သည့် အနေဖြင့် ကင်တားနားပုံကို ကြက်ခြေခတ်ထားသည့် ပုံ ပါဝင်ကြောင်း၊ တစ်ထည်လျှင် ၁၅၀၀ ကျပ်ဖြင့် အထည် ၇၀၀ ကို ရောင်းချမည် ဖြစ်ကြောင်း ၄င်းက မိန့်ဆိုသည်။

ယင်းတီရှပ် ၀တ်ဆင်ပြီး မန္တလေးရှိ UN ရုံးရှေ့တွင် ဆန္ဒပြမည့် အစီအစဉ်ကိုလည်း ထပ်မံ ရှင်းလင်းမည်ဟု ၄င်းထံမှ သိရသည်။

စိနနှင့် မဇ္ဈိမတို့ဆုံရာ အနာဂတ်နဂါးမြို့တော် ရှေ့ပြေးမြို့ ပြစီမံကိန်း Written by The Voice





စိနနှင့် မဇ္ဈိမတို့ ဆုံရာ အနာဂတ်နဂါးမြို့တော်ရှေ့ပြေးမြို့ပြစီမံကိန်း မန္တလေးမြို့တော်သည် ကမ္ဘာ့လူဦးရေ အများဆုံးနှင့် စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ကြားဆုံရာ တံခါး၀၀င်ပေါက်မြို့တော်ဖြစ်ပြီး အခြားအရှေ့တောင်အာရှနိုင်ငံအချို့နှင့်လည်း ချိတ်ဆက်လျက်ရှိခြင်းကြောင့် ပြည်တွင်းနေ တိုင်းရင်းသားများသာမက ပြည်ပနိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်များပါ မျက်စိကျအကြိုက်တွေ့လျက်ရှိသော မြို့တော်လည်းဖြစ်ကြောင်း ထွန်းသစ္စာအိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။
မြေငလျင်ကြောကြီးပေါ်တွင် တည်ရှိပြီး ဒေသခံမြို့နေလူထု၏ နေထိုင်မှုစရိတ်၊ အကြိုက်တို့ကြောင့် မန္တလေးမြို့တော်သည် အထပ် မြင့်အဆောက်အအုံများတိုးမြှင့်ဆောက်လုပ်၍ လူနေ ထူထပ်လာမှု ပြဿနာများကို ဖြေရှင်းရန် ခက်သည့်အတွက်မြို့သစ် စီမံကိန်းများ ဖော်ဆောင်ကာ မြို့ပြ၏ အိုးအိမ် လိုအပ်ချက်ကို ဖြေရှင်းရန် ကြံဆ လျက်ရှိလာကြသည်ဟု မြို့ခံ လူထုထံမှ စုံစမ်းသိရှိရသည်။
လက်ရှိအဆိုပါ မန္တလေး မြို့တော်၏ အိုးအိမ် လိုအပ်ချက်ကို ဖြည့် ဆည်းနိုင်ရန်အတွက် မန္တလေးမြို့ ၇၃လမ်း၊ သဇင်လမ်းနှင့် ငုဝါလမ်း ကြားတွင် တည်ဆောက်မည့် မန္တလေး မင်္ဂလာမြို့သစ် စီမံကိန်းနှင့် မန္တလေးနိုင်ငံတကာ လေဆိပ်နှင့် ၅ မိုင်အကွာ တံတားဦးမြို့နယ်အတွင်း တည်ဆောက်မည့် မန္တလေးမြို့တော်သစ် စီမံကိန်းနှစ်ခုကို အကောင် အထည် ဖော်ဆောက်လုပ်ရန် လျာထား လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) ထံမှ စုံစမ်း သိရှိရသည်။
လတ်တလောတွင် မြို့သစ် စီမံကိန်းများနှင့် ပတ်သက်၍ မင်္ဂလာ မန္တလေးမြို့ပြ စီမံကိန်း တစ်ခုသာ စတင် ဆောင်ရွက် လျက်ရှိပြီး ယင်း စီမံကိန်းကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် စတင် အကောင်အထည်ဖော် ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာအတွင်း ငွေကျပ် ၉၁ ဘီလီယံ အကုန်အကျ ခံကာ မြန်မာနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှအားကစားပွဲတော အမီ အပြီး တည်ဆောက်သွားမည်ဟု အကောင်အထည် ဖော်ဆောက် လုပ်သူ CAD ဆောက်လုပ်ရေး ကုမ္ပဏီက ဆိုသည်။
သို့သော် အမေရိကန် ဒေါ်လာ နှစ်ဘီလီယံ အကုန်အကျ ခံတည် ဆောက်မည့် မန္တလေး မြို့တော်သစ် စီမံကိန်းနှင့် ပတ်သက်၍ ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မန္တလေး မြို့တော် စည်ပင်သာယာ ကော်မတီ အဆောက်အအုံနှင့် ကုန်လှောင်ရုံ ဌာနမှူး ဦးမျိုးအောင်က ပြောကြားသည်။
မန္တလေးမြို့တော်သစ်စီမံကိန်းသည် အင်းဝယဉ်ကျေးမှုဇုန်နှင့် လွတ်ကင်းပြီး စိုက်ပျိုးမှုအကျိုးနည်းသည့် မြေနေရာအများစု ပါဝင် ကြောင်း၊ အဆိုပါမြို့သစ်စီမံကိန်းတည်ဆောက်မည့် မြေဧက နှစ် သောင်းကျော်ကို မူလပိုင်ရှင်များနှင့် မြေတန်ဖိုးညှိနှိုင်းမှုများပြုလုပ် ပြီး တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ရရှိပါက ၁၀ နှစ်အတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းစီမံကိန်းကို တာဝန်ယူတည် ဆောက်ရန် ပြင်ဆင်လျက်ရှိသော သမ၀ါယမဘဏ်ဥက္ကဋ္ဌ ဦးခင် မောင်အေး၏ ပြောကြားချက်အရ သိရသည်။
လတ်တလောတိုးချဲ့ရန် စီစဉ်လျက်ရှိသော မြို့သစ်စီမံကိန်းသည် လယ်ယာစိုက်ပျိုးမြေများပါဝင်ပြီး မန္တလေးမြို့နေလူဦးရေ ကျပ်တည်း မှုမရှိသေးသည့်အတွက် တိုးချဲ့တည်ဆောက်ရန်မသင့်ကြောင်း စိမ်း ရောင်စို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကပြောကြားသည်။ စီမံကိန်းမြေနေရာအဖြစ် မသတ်မှတ်မီ ရက်ပိုင်းအလိုကပင် စီမံကိန်းအကြောင်း ကြိုသိသူ စီမံကိန်းတွင် ပါဝင်ပတ်သက်သူအချို့က ထိုမြေများကို ကြိုတင်ဝယ်ယူထားသည်ဟု သတင်းထွက်ပေါ်နေ ခဲ့ကြောင်း ဒေသခံအိမ်၊ ခြံ၊ မြေအသိုင်းအ၀ိုင်းထံမှ သိရသည်။
လက်ရှိမန္တလေးမြို့တော်ဝန်းကျင်၌ တည်ထောင်ထားပြီးဖြစ် သည့် စက်မှုဇုန်များကိုပင် ဖွံ့ဖြိုးမှုမရှိသေးသည့်အတွက် ယင်းစက်မှု ဇုန်များကို ဦးစားပေးလုပ်ကိုင်ရန်လိုအပ်ပြီး မြို့သစ်စီမံကိန်းတည် ဆောက်မည်ဆိုပါက မြို့နေလူဦးရေထူထပ်မှုရှိ၊ မရှိကိုလည်း စစ်တမ်း များကောက်ယူ၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အတိုင်းအတာနှင့် ဖြစ်ပေါ်လာမည့် လူမှုရေးဆိုးကျိုးကောင်းကျိုးများကို နိုင်ငံတကာ စံနှုန်းများနှင့် နှိုင်းယှဉ်တွက်ချက်ပြီးမှသာ တည်ဆောက်သင့်သည်ဟု ယင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က အကြံပြုပြောကြား သည်။
“မြို့ပြစီမံကိန်းတွေဆောက်တာကောင်းပါတယ်။ မန္တလေးက လူဝင်လာတာများတယ်။ လူကျပ်လို့ ဈေးတွေတက်လာတော့ ရောင်း လိုက်ရတဲ့ မြန်မာတွေများတယ်။ အဲဒီလူတွေပြန်ဝယ်ရဖို့အတွက် အသစ်ချဲ့တာကောင်းပေမယ့် သူတို့ရည်ရွယ်ချက်က ဘယ်လိုရှိမလဲ တော့မသိဘူး” ဟု မန္တလေးမြို့တော်ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ဦးရဲမြတ်သူက ဆိုသည်။
လက်ရှိမန္တလေးမြို့တော်၌ တည်ဆောက်လျက်ရှိသော မင်္ဂလာ မြို့ပြစီမံကိန်းသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပိုင် မြေဧက ၄၇ ဧကပေါ်တွင် မြို့သစ်စီမံကိန်းမဟုတ်သည့် အနာဂတ် မန္တလေးမြို့တော်ရှေ့ပြေးမြို့ပြစီမံကိန်း တစ်ခုအဖြစ်ဖော်ဆောင်သွား မည်ဖြစ်ပြီး ပြီးစီးသွားလျှင် အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ် ကြောင်း ယင်းမြို့ပြစီမံကိန်းကိုတာဝန်ယူတည်ဆောက်လျက်ရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီအချို့အနက် CAD ဆောက်လုပ်ရေးလုပ်ငန်း ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောကြားသည်။
မြို့ပြစီမံကိန်းများရေးဆွဲရာတွင် ရေးဆွဲမည့်မြို့ပြ၏ လက်ရှိ အခြေအနေများကို လေ့လာခြင်း၊ အနာဂတ်အလားအလာများကို ဆန်းစစ်ခန့်မှန်းတွက်ချက်ခြင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ကာလ ရှည်စီမံကိန်း (Concept Plan) ရေးဆွဲခြင်းနှင့် အသေးစိတ် အကောင် အထည်ဖော်နိုင်မည့် (Master Plan) ရေးဆွဲခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီးမြို့ပြနှင့် အိုးအိမ် ဦးစီးဌာန၏ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် မြို့ပြစီမံကိန်း Town Plan ရေးဆွဲရေးရှေ့လုပ်ငန်းစဉ်စာတမ်းတွင် ဖော်ပြပါရှိသည်။
ယင်းသို့စနစ်ကျသော မြို့ပြများဖော်ထုတ်နိုင်ရေးအတွက် မြို့ပြ ဆိုင်ရာ လူမှုစီးပွားရေး အခြေခံအချက်အလက်များ (Secondary Data) ကောက်ယူရေးစီမံချက်ကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ဂျာမနီနိုင်ငံ Cologne University တို့ပူးပေါင်း၍ မြန်မာ နိုင်ငံ၏ မြို့ပေါင်း ၅၆ မြို့တွင် စာရင်းကောက်ယူရန် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက နားလည်မှု စာချွန်လွှာရေးထိုးဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူမည့်မြို့ကြီးများစာရင်းတွင် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ မိတ္ထီလာ၊ မြင်းခြံ၊ ပြင်ဦးလွင်၊ မိုးကုတ်နှင့် ညောင်ဦးမြို့ တို့ပါဝင်ကြောင်း ယင်းစာတမ်းတွင်ဖော်ပြထားသည်။
မန္တလေးမြို့တော်တည်ထောင်သည့်အချိန်တွင် မင်းညီမင်းသား များ၊ မင်းဆွေမင်းမျိုးများ၊ မှူးကြီးမတ်ရာများစသည့် အုပ်ချုပ်သူ၏ ရာထူး၊ လုပ်ငန်းတာဝန်များကိုလိုက်၍ နန်းတော်အပြင်ဘက်၌ နေရာချထားပေးခဲ့ရာ ရရှိသည့်နေရာများတွင် ၀င်းဗဟိုနေရာများ၌သာ အိမ်ကြီးအိမ်ကောင်းများဆောက်လုပ်ပြီး ၎င်းင်းတို့နှင့်ပါလာသည့် အခြွေအရံများကို ၀င်း၏ ပတ်လည်တွင် အရံအတားများဆောက်လုပ် နေထိုင်စေခဲ့ကြောင်း၊ ယင်းသို့ဝင်းကို ဗဟိုပြုနေထိုင်ခဲ့သည့်ပုံစံတွင် ကာလကြာလာသည့်အချိန်တွင် မူလပုံစံပျောက်ပျက်၍ နေအိမ်နှင့် တိုးပွားလာသည့် လူဦးရေများအရ ခွဲခြမ်းစိတ်ဖြာခြင်း၊ တိုးချဲ့ခြင်း၊ ရောင်းချခြင်းများကြောင့် ၀င်လမ်းထွက်လမ်းပျောက်ကာ တစ်ဖက် ပိတ်လမ်းများဖြစ်ပေါ်လာသည့်အတွက် မန္တလေးမြို့တော်သည် ကြီးမား သည့် မီးဘေးအန္တရာယ်များနှင့်ရင်ဆိုင်ခဲ့ကြောင်း မန္တလေးမြို့တော် သမိုင်းကို အစဉ်တစိုက်လေ့လာခဲ့သူများထံမှ စုံစမ်းသိရှိရသည်။
ယင်းသို့တစ်ဖက်ပိတ်လမ်းများနှင့် ပုံပျက်လာသော မန္တလေး မြို့တော်သည် ၁၉၈၄ ခုနှစ်တွင် မြို့လုံးကျွတ်မီးလောင်မှုကြီးဖြစ် ပေါ်ခဲ့ပြီးနောက်ပိုင်း မြို့ကွက်များကို အသစ်ရိုက်ကာ နေရာချထား ပေးခဲ့သည်။
မန္တလေးမြို့တော်သည် ကမ္ဘာ့လူဦးရေအများဆုံးနှင့် စီးပွားရေး အင်အားကြီးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ ၀င်ပေါက်မြို့တော်ဖြစ်ပြီး အခြားအရှေ့တောင်အာရှနိုင်ငံ အချို့နှင့်လည်း ချိတ်ဆက်လျက်ရှိကြောင်း ထွန်းသစ္စာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။
ယင်းသို့ လူမျိုးခြားစီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျလာ ခြင်းကြောင့် မန္တလေးမြို့တော်တွင် အမှန်တကယ်နေထိုင်သည့် လူဦး ရေ၏ ထက်ဝက်ခန့်သည် အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြောင်းရွှေ့အခြေချလာသူများဖြစ်ကြောင်း ဒေသခံမန္တလေးမြို့တော် သူမြို့တော်သားများက ဆိုသည်။
“တရုတ်ကြိုက်လို့ မြေတွေလိုက်ဝယ်ကြတော့ ကိုယ့်လူတွေ ဘေးရောက်ကုန်တာပေါ့။ အခုလို မြို့သစ်ပေါ်လာရင် ကိုယ့်လူတွေ နေစရာရှိသွားနိုင်တာပေါ့”ဟု မန္တလေးမြို့ဒေသခံ ကွန်ပျူတာလုပ်ငန်း ရှင် ဦးရဲမြတ်သူကဆိုသည်။
ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးသည့် ၁၉၉၀ ပြည့် နှစ်နောက်ပိုင်း မှောင်ခိုဈေးကွက်ပျောက်၍ တရားဝင်နယ်စပ်ကုန်သွယ် ရေးပေါ်ပေါက်လာချိန်တွင် ယူနန်နွယ်ဖွား တရုတ်လူမျိုးများ သိသိ သာသာ ၀င်ရောက်လာခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်အကြောင်း ကို အစဉ်တစိုက်ရေးသားခဲ့သည့် စာရေးဆရာ ဆူးငှက်က ၂၀၁၀ ပြည့် နှစ် ဇန်န၀ါရီလထုတ် Living Color မဂ္ဂဇင်းတွင် ပြောကြားထားသည်။
ဖွံ့ဖြိုးလာသည့်လူနေမှုပုံစံနှင့် မူဝါဒများကြောင့် မန္တလေးမြို့ တော်၏ သမိုင်းကိုဖော်ကျုးသည့်အထင်ကရ နေရာကြီးများဖြစ်သော ဈေးချိုနှင့် နာရီစင်၊ တောင်သမန်အင်း၊ ကျုံးတော်နှင့် အတုမရှိကျောင်း တော်ကြီးတို့သည် ရှေးဟောင်းမူလလက်ရာများ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ရှေ့ဟောင်းသုတေသနဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ထို့အတူ မြို့မြေနေရာချဲ့ထွင်မှုများကြောင့်လည်း သမိုင်းဝင် အချက်အလက်အချို့လည်းပျက်စီးခဲ့ရာ ထိုအထဲတွင် ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော်နှင့် အယုဒ္ဓယမင်းဆက်၏ နောက် ဆုံးဘုရင် ကျောက်ဘွားထောက်ဘုရင်၏ အုတ်ဂူများပါ မြို့ပြတိုးချဲ့ လာမှု၏ခြိမ်းခြောက်မှုဒဏ်ကိုရင်ဆိုင်လာရကြောင်း မန္တလေးမြို့တော် ဒေသခံများက ပြောကြားသည်။
မြို့ပြစီမံကိန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ပြီး စီမံကိန်းထွက်ပေါ်လာသည့်အခါ ထုံးစံအတိုင်း အိမ်၊ ခြံ၊ မြေဈေးများကို အနည်းနှင့် အများထိခိုက်နိုင်သော်လည်း လတ်တလောတွင် အိမ်၊ ခြံ၊ မြေဈေးကွက်ကို ထိခိုက်မှုမရှိကြောင်း မန္တလေးမြို့တော်အခြေ စိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင်များ ကပြောကြားသည်။
“စီမံကိန်းတကယ်ရှင်သန်ဦးတော့ ၁၀ နှစ်၊ ၁၅ နှစ် အနည်း ဆုံးကြာနိုင်တယ်။ ရေရှည်အတွက်တော့ ကောင်းပေမယ့် ကာလတို အတွက်တော့ မသေချာဘူး။ စီးပွားရေးသမားတွေကလည်း လူစည် ကားတဲ့မြို့ထဲလိုနေရာကိုပိုကြိုက်ကြတယ်”ဟု မန္တလေးမြို့တော် အခြေစိုက် မန်းမြေရာဇာ အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦးကျော်ဝင်းက ဆိုသည်။
မြို့သစ်စီမံကိန်းတိုင်းသည် သေချာပေါက်စည်ကားလာနိုင် မည်ဟု မပြောနိုင်ကြောင်း၊ လက်ရှိပြင်ဦးလွင်အနီးတည်ရှိသည့် မန္တလေးမြို့တော်နှင့် ၄၅ မိနစ်ခန့်သာသွားရသည့် ရတနာပုံမြို့သစ် သည် မူလကမျှော်မှန်းခဲ့သလောက် စည်ပင်လာခြင်းမရှိသည်ကိုတွေ့ ရကြောင်း၊ လွန်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်ခန့်ကတည်ထောင်ခဲ့သည့် ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်စသည့် ၀န်ထမ်းများ အတွက်ချထားပေးခဲ့သော မြို့သစ်များသည် နှစ်ပေါင်းနှစ်ဆယ်ကျော် မှ စည်ပင်လာသည်ကိုတွေ့ရကြောင်း ၎င်းင်းကပြောကြားသည်။
မန္တလေးမြို့တော်သည် အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကြားတည်ရှိပြီး စီးပွားရေးအချက်အချာကျကာ ဖွံ့ဖြိုးရေးအလား အလာကောင်းများရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများနှစ်စဉ်တိုးတက် လျက်ရှိသည့်အတွက် အဆိုပါမြို့တော်၏အိမ်၊ ခြံ၊ မြေဈေးနှုန်းများ သည် ၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အိမ်၊ ခြံ၊ မြေတန်ဖိုး ၁၅ ဆမှ အဆ ၂၀ ခန့်အထိမြင့်တက်သွားခဲ့ကြောင်း ထွန်းသစ္စာအိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။
လတ်တလောတွင် မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေးကွက် သည် အခွန်စနစ်သစ်ကိစ္စနှင့် ပမာဏအများဆုံးရင်းနှီးမြှုပ်နှံသည့် ကျောက်မျက်လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများရပ်တန့်ထားခြင်း ကြောင့် ဈေးကွက်အရောင်းအ၀ယ်အေးလျက်ရှိကြောင်း မန္တလေးမြို့ တော် အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မြန်မာမင်းဆက်၏ နောက်ဆုံးထီးနန်းစိုးစံရာ မင်းနေပြည်တော်၊ မြန်မာနိုင်ငံ၏ အချက်အချာကျရာမြို့ကြီးများသို့ ဖြာထွက်ရာ ဗဟိုမြို့တော်၊ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးနှစ်ခု၏ ကြားခံဝင်ပေါက် မြို့တော်၊ စီးပွားရေးသမားအများစု၏ မျက်စိကျသဘောတွေ့လျက် ရှိသော မြန်မာတို့၏ယဉ်ကျေးမှုများစုစည်းကျန်ရှိရာ မန်းမြို့တော်၏ အနာဂတ်မြို့ပြစီမံကိန်းများသည် မြို့တော်လူထု၊ တိုင်းပြည်အတွက် စံပြမြို့တော်များဖြစ်လာစေရေးကို ဦးတည်သွားနိုင်သော လမ်းပြ ကောင်း ပြယုဂ်တစ်ခုဖြစ်ရေးမှာ အလွန်အရေးကြီးကြောင်း မန္တလေး မြို့တော်သူမြို့တော်သားများက တညီတညွှတ်တည်း ဆန္ဒပြုလျက်ရှိ ကြသည်။
သို့သော် ကျောက်ဖြူ-ကူမင်းဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၏ သယ်ယူပို့ဆောင်ရေး အချက်အချာဖြစ်လာမည့် မြင်းခြံမြို့နယ် ဆီမီးခုံ စက်မှုဇုန်စီမံကိန်းနှင့် မန္တလေးမြို့တော်တို့နှင့် မလှမ်းမကမ်းတွင် တည်ဆောက်ရန်လျာထားသည့် ဤမြို့ပြစီမံကိန်းနောက်ကွယ်တွင် တရုတ်တို့၏ မမြင်ရသောလက်ပါနေသည်ဆိုပါက နောင်တွင်ဖြေရှင်း ရမည့် အရေးကိစ္စများရှုပ်ထွေးလာနိုင်ကြောင်း လေ့လာသုံးသပ်သူ များက ပြောဆိုကြသည်။

Ref:The Voice

ဂျပန်မစ်ဆူဘီရှီကော်ပိုရေးရှင်း နေပြည်တော်တွင် ရုံးခွဲတစ်ခု ထပ်ဖွင့်မည်


ကျိုတို၊ သြဂုတ် - ၂၃


ဂျပန်နိုင်ငံ၏ အကြီးစားစက်မှုလုပ်ငန်းကြီးတစ်ခုဖြစ်သော မစ်ဆူဘီရှီကော်ပိုရေးရှင်းသည် နေပြည်တော်၌ လာမည့် စက်တင်ဘာ ၁ ရက်တွင် ရုံးခွဲတစ်ခု ဖွင့်လှစ်သွားမည်ဖြစ်သည်။
မစ်ဆူဘီရှီ၏ ရုံးဖွင့်ရခြင်း ရည်ရွယ်ချက်မှာ ပြည်တွင်းရှိ အခြေခံဆောက်အအုံ ဆိုင်ရာဖွံ့ဖြိုးရေး စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ဖြစ်သည်ဟုဆိုသည်။ ၁၉၅၄ မှစ၍ ရန်ကုန်တွင် ရုံးခွဲဖွင့်လှစ်ထားသော မစ်ဆူဘီရှီသည် ဖိုင်ဘာပစ္စည်းများ၊ စားသောက်ကုန်များ၊ သံမဏိနှင့် စက်ယန္တရား ထုတ်ကုန်များကို ကုန်သွယ်မှုဆောင်ရွက်နေပြီး၊ ကော်ပိုရေးရှင်းသည် နေပြည်တော်တွင် ရုံးခွဲထပ်မံဖွင့်လှစ်ခြင်းအားဖြင့် ၄င်းတို့လုပ်ငန်းအတွက် သတင်းအချက်အလက် စုစည်းမှုများ တိုးမြှင့်လုပ်ဆောင်သွာ;မည်ဟု ပြောကြားထားသည်။
/The Japan Times/
Ref:7Days News

ရေဘေးကြောင့် ပိတ်ထားသည့် ပုသိမ်အခြေခံပညာကျောင်းအချို့ ပြန်လည်ဖွင့်လှစ်

 
ပုသိမ်မြို့တွင်ဖြစ်ပေါ်ခဲ့သော ရေဖုံးလွှမ်းမှုများကြောင့် ရက်သတ္တပတ်ခန့်တစ်မြို့လုံးရှိကျောင်းများ အားလုံးကိုပိတ်ထားခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ရေပြန်ကျလာသောကြောင့် ကျောင်းအချို့ပြန်လည် ဖွင့်လာပြီဖြစ်သော်လည်း သြဂုတ်လ(၂၃)၇က်နေ့အထိ မဖွင့်ရသေသောမူလတန်းကျောင်း အများစု ရှိနေသေး သည်ဟု ပုသိမ်မြို့ခံတို့ကဆိုသည်။
 
''ရေပြန်ကျသွားတဲ့နေရာတွေက အလယ်တန်းနဲ့အထက်တန်းကျောင်းတွေပြန်ဖွင့်နိုင်တာပါ၊ ဒါပေမဲ့ ကလေးတွေ သွားရေးလာရေး ခက်မှာ စိုးလို့မူလတန်းကျောင်းအများစုနဲ့ ရေဆက်ကြီးနေသေးတဲ့ ရပ်ကွက်တွေနဲ့နီးတဲ့ အလယ်တန်းကျောင်းတွေကိုလည်း ငါးတန်းကနေ ရှစ်တန်းအထိပဲ ကျောင်းပြန် ဖွင့်ထားတာပါ''ဟု မြို့နယ်ပညာရေးမှုးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
သို့သော်ကျောင်းပြန်ဖွင့်စဖြစ်နေသည့်အတွက် ကျောင်းသို့မလာရောက်နိုင်သေးသောကျောင်းသား အများပြားရှိနေသေးသည်ဟု ဆရာဆရာမများက ဆိုသည်။
 
ကျောင်းကအခုမှပြန်ဖွင့်စဆိုတော့ကျောင်းသားအများစုကပြန်မတက်ကြသေးဘူး သွားရေးလာရေး ခက်ခဲတဲ့သူရယ် ကယ်ဆယ်ရေး စခန်းတွေရောက်နေကြတဲ့သူတွေရယ် မလာကြသေးတာကများတယ် အချို့ကတော့ သာမာန်ကျောင်းပျက်တာပါဟု ပုသိမ်အ.ထ. က(၅)မှ ဆရာမတစ်ဦးကပြောသည်။
 
ယခုရက်ပိုင်းအတွင်း ရေကျရက်ဖြစ်နေခြင်း ပုသိမ်မြို့တွင် မိုးရွာသွန်းခြင်းများ နည်းပါးလာခြင်းကြောင့် ရေဖုံးလွှမ်းခံရပ်ကွက် တစ်ချို့မှာ ရေနှစ်ပေခန့်ပြန်လည်ကျဆင်းသွားခဲ့ပြီး ကျောင်းများကို ယခုကဲ့သို့ ပြန်လည်ဖွင့်လိုက်ခြင်းဖြစ်သော်လည်း အချို့ကျောင်းများမှာ ပိတ်ထားရသည်မှာ လ၀က်ခန့်ရှိနေပြီ ဖြစ်သော်လည်း ယခုထိပြန်လည်မဖွင့်နိုင်သေးပေ။
 
သမီးတို့ကျောင်းးပိတ်ထားရတာ ၆ရက်နေ့ကတည်းက ကျောင်းကိုလည်း အမြန်ပြန်တက်ချင်တယ်၊ ရေတွေကလဲကျန်သေးတော့   ကျောင်းပြန်ဖွင့်ရင်လှေနဲ့ပဲသွားရမှာဟု ကျောင်းတွင်ကယ်ဆယ်ရေး စခန်း ဖွင့်ထားသဖြင့် ကျောင်းပိတ်ထားရသော အ လ က(၃)မှ (၈)တန်းကျောင်းသူတစ်ဦးက ပြောသည်။
 
ပုသိမ်မြို့တွင် အထက်တန်းကျောင်း (၈)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်းနှင့် မူလတန်း ကျောင်း (၅၀)ကျော်ရှိသည့်အနက်   ရေဖုံးလွှမ်းမှုများကြောင့် ကျောင်းများအားလုံးပိတ်ထားခဲ့ရခြင်း သည်။
 
ပုသိမ်နည်းတူ ငါးသိုင်းချောင်းရေကြည် ကန်ကြီးဒေါင့်၊ သာပေါင်း စသောမြို့များမှကျောင်းအချို့လည်း ရေကျသွားမှုကြောင့်   ပြန်လည်ဖွင့်လှစ်နိုင်ပြီဟု ဒေသခံတို့မှတစ်ဆင့်သိရသည်။

Ref:  မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
 

ရေမြုပ်ပျက်စီးခဲ့သော လယ်မြေများတွင် အရေးပေါ်ပြန်လည် စိုက်ပျိုးနိုင်ရန် မျိုးစပါးတင်းပေါင်း သုံးသောင်းကို သြဂုတ် ၂၂ ရက်တွင် စတင် လှူဒါန်း

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
က ရေမြုပ်ပျက်စီးခဲ့သော လယ်မြေများတွင် အရေးပေါ်ပြန်လည် စိုက်ပျိုးနိုင်ရန် မျိုးစပါးတင်းပေါင်း သုံးသောင်းကို သြဂုတ် ၂၂ ရက်တွင် စတင် လှူဒါန်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

"မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အလှူရှင်တွေက တကယ်စိုက်မယ့် လယ်တွေကို မျိုးစပါးတွေ စလှူနေပြီ။ သာပေါင်းလို ကန်ကြီးထောင့်လိ
ု ရေနက်ကွင်းတွေတော့ မပါသေးဘူး။ ရေကြီးပြီး တိတိကျကျ ပြန်စိုက်မယ်ဆိုမှ ပေးမှာ"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးကျော်ကျော်ဝင်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီးသို့ သြဂုတ် ၂၂ ရက်မှ စတင်၍ အလှူရှင်များကိုယ်စား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က သွားရောက်လှူဒါန်းနေကြောင်း သတင်းရရှိသည်။
Ref:7Days News

Wednesday, August 22, 2012

ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်တို့ ပညာရေး ဆိုင်ရာ ပူးပေါင်းမည်


ရန်ကုန်၊ သြဂုတ်လ ၂၂။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ရေကြောင်း ပညာတက္ကသိုလ်မှ စုံစမ်း သိရသည်။

နော်ဝေး နိုင်ငံနှင့် ရေကြောင်းပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် ဂျပန်နိုင်ငံ နှင့် သင်္ဘော တည်ဆောက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နှင့်အိန္ဒိယနိုင်ငံနှင့် သင်ထောက်ကူ ပြု Similator တည်ဆောက်ရန် အတွက် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၄င်း တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ရေကြောင်း ပညာရပ် ဆိုင်ရာ ကျွမ်းကျင် ဆရာ လိုအပ်ချက်၊ ဓါတ်ခွဲခန်း လိုအပ်ချက်၊ Similator Room လိုအပ်ချက်များကြောင့် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ Similator Room တစ်ခုအတွက် ကုန်ကျစရိတ်က မြန်မာ ငွေသန်းချီ ကုန်ကျမည် ဖြစ်ပြီး ဆော့ဝဲလ်ကို အိန္ဒိယကဝယ်၍ ဟက်ဝဲလ်ကို မြန်မာနိုင်ငံတွင် ဝယ်ယူ တပ်ဆင်ပါက ငွေအကုန်ကျ သက်သာမည် ဖြစ်သောကြောင့် အိန္ဒိယနှင့်အကျိုးတူ ပူးပေါင်းခြင်း ဖြစ်ကြောင်း၊ ရေကြောင်း တက္ကသိုလ် အနေဖြင့် နိုင်ငံတကာ White List စာရင်းတွင် ရပ်တည်ရန် အတွက် အရည်အချင်း မှီရန် လိုအပ်ချက်များကို ပြုပြင်ရမည် ဖြစ်ကြောင်း ပါမောက္ခချုပ် ဦးချာလီသန်းက ပြောသည်။

ရေကြောင်းပညာ တက္ကသိုလ်ကို(၂၀၀၁-၂၀၀၂) က စတင် တည်ထောင်ရာ (၂၀၀၃-၂၀၀၄) တွင် ဆင်မလိုက် ရေကြောင်းသိပ္ပံတွင် စတင်ပညာ သင်ကြားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် သီလဝါ ဒေသသို့ ၂၀၀၅ ခုနှစ်တွင် ပြောင်းလဲ ဖွင့်လှစ်ခဲ့ကြောင်း တရားဝင် စာရင်းများ အရ သိရသည်။

မန္တလေးမြို့သစ် တည်ဆောက်မည့် စီမံကိန်းအတွက် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဦးဆောင်ပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းကာ အကြိုပြင်ဆင်နေ

မန္တလေးတိုင်းဒေသကြီးအတွင်း မြေဧက ၂၀၀၀၀ ကျော်ပေါ်တွင် မြို့သစ်တည်ဆောက်မည့် စီမံကိန်းအတွက် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးကဦးဆောင်ပြီး မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ဖွဲ့စည်းဆောင်ရွက်ရန် အကြို ပြင်ဆင်နေကြောင်း  သတင်းရရှိသည်။
မန္တလေးမြို့သစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ''အခုမြို့သစ် တည်ဆောက်ရေး စီမံကိန်းအတွက် အများပိုင် ကုမ္ပဏီဖွဲ့ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မန္တလေးမှာ အစုရှယ်ယာရှင်တွေ ခေါ်တော့ အစုရှယ်ယာရှင် ၃၀၀၀ ကျော်ရောက်လာပြီး ဘီလျံ ၂၀၀ နီးပါးလောက် အစုရှယ်ယာထည့်ဖို့ ရောက်လာပါတယ်။ ရန်ကုန်မှာတော့ အခုမှခေါ်တာပါ။ အဆိုပြုလွှာတွေကို အရင်လက်ခံထားမယ်။ စီမံကိန်းစလို့ရပြီဆိုမှ ရှယ်ယာဘယ်လောက်ထည့် မယ်ဆိုတာ ခေါ်မှာဖြစ်ပါတယ်''ဟုလည်း မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ဖွဲ့စည်းရန် အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

မြို့တော်သစ်စီမံကိန်းသည် ဧရိယာစုစုပေါင်း ၂၂၀၀၀ ဧကပါဝင်ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ငါးမိုင်ခွဲခန့် အကွာအဝေးတွင်ရှိကြောင်း စီမံကိန်းနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ၌ ဖော်ပြထားချက်များအရ သိရှိရသည်။
''စီမံကိန်းထဲမှာ မြေဧကနှစ်သောင်းကျော် သုံးသောင်းနီးပါး ပါဝင်ပါတယ်။ စီမံကိန်းဧရိယာထဲမှာ လယ်မြေတွေပါဝင်တဲ့အတွက် ဒေသခံတွေက ဒီစီမံကိန်းကို လက်မခံရင်ဆက်မလုပ်ပါဘူး။ နောက်ပြီး ဒီစီမံကိန်းက တရားဝင် မဟုတ်သေးပါဘူး။ စီမံကိန်းအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က လေလံခေါ်ဦးမှာပါ။ ကျွန်တော်တို့က လေလံဝင်ဆွဲမယ်။ လေလံရတယ်ဆိုရင် MIC ကို တင်ရအုံးမယ်။ MIC က ခွင့်ပြုမှ ဆက်လက်ဆောင်ရွက် လို့ရမှာပါ။ ဒေသခံတွေ လက်မခံရင် ဘာမှဆက်မလုပ်ပါဘူး''ဟုလည်း အဆိုပါ အခမ်းအနားတွင် ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

လက်ရှိလျာထားသည့် မြို့တော်သစ်စီမံကိန်းသည် ပထမရွေးချယ် ထားသည့်မြေနေရာနှင့် ပတ်သက်ပြီး ကန့်ကွက်မှုများ ရှိခဲ့သောကြောင့် ဒုတိယမြောက် ရွေးချယ်ထားသည့် မြေနေရာဖြစ်ကြောင်း CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားခဲ့သည်။
''လက်ရှိရွေးထားတဲ့နေရာက ဒု တိယမြောက်ရွေးထားတာပါ။ ပထမ ရွေးတာကတောင်သမန်အင်းနားမှာ ပါ။ ဒေသခံတွေက လက်မခံဘူးဆို လို့ လေဆိပ်အနီးတံတားဦးနားကို ရွေးချယ်ရတာဖြစ်ပါတယ်။ မြို့သစ် က အင်းဝမြို့ဟောင်းနဲ့ဧရာဝတီမြစ် ရိုးတစ်လျောက်တည်ဆောက်ဖို့ လျာ ထားပါတယ်။ လျာထားတဲ့အနေအ ထားပဲရှိပါသေးတယ်။ ခွင့်ပြုမယ်၊ မ ပြုဘူးဆိုတာ မသိရသေးပါဘူး။ ခွင့် ပြုရင် အဆင်သင့်ဖြစ်အောင် အများ ပိုင်ကုမ္ပဏီဖွဲ့ပြီးဆောင်ရွက်တာဖြစ် ပါတယ်''ဟုဦးခင်မောင်အေးက ပြော ကြားခဲ့သည်။ မန္တလေးတိုင်းဒေသကြီး တံ တားဦးမြို့နယ်တွင် မြေဧကနှစ် သောင်းကျော်ပါ ဘက်စုံဖွံ့ဖြိုးမှုလုပ် ငန်းများပါဝင်သည့်စီမံချက်မဆောင် ရွက်မီ ဒေသခံများ၏စိုက်ပျိုးမြေဧက ထက်ဝက်ကျော်မှာ အိမ်ခြံမြေရင်းနှီး မြုပ်နှံသူများ၏လက်ဝယ်သို့ ရောက် ရှိနေပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
'' ဒီနှစ်မိုးမရွာဘူး။ တောင်သူ တွေလည်းမစိုက်နိုင်ဘူး။ စိတ်ဓာတ် ကျနေတုန်းမှာ ဟိုတယ်ဇုန်တို့၊ စက်မှုဇုန်တို့ စတဲ့သတင်းတွေ ထွက်လာတယ်။ ငွေရှင်တွေကလည်း ငွေထုတ်ပိုက်ပြီး လိုက်ဝယ်တယ်။ လူပြောသူ ပြောများလာတော့ ရောင်းပစ်ကြတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကဆိုရင် နေရာသုံးနေရာမှာ စိုက်ပျိုးမြေတွေ အရောင်းအ၀ယ်တော်တော်ဖြစ်ခဲ့တယ်။ မြေဈေးတွေကလည်း အရူးဈေးပဲ။ ပြောချင်သလောက် ပြောတည့်ချင်ရင် တည့်သွားတာ''ဟု အင်းကူး ရွာမှ တောင်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် မြို့သစ်စီမံကိန်းအမည်ဖြင့် မကြာခဏပေါ်ထွက်လာ လေ့ရှိသော်လည်း အမှန်တကယ် နေထိုင်မည့်သူများထက် VIP ဆိုသည့် လူတန်းစားများကသာ အကွက်အကွင်း ကျသောနေရာများအား ရယူလေ့ရှိပြီး အမှန်တကယ်နေထိုင်လိုသော ပြည်သူများသည် ၎င်းတို့ထံမှ ဈေးကြီးပေးပြီး ၀ယ်ယူနေကြရသည်မှာ အစဉ်အလာတစ်ခုအဖြစ် တည်ရှိနေ ခဲ့သည်။ ထို့ကြောင့် ယခုတည်ဆောက်မည့် မန္တလေးမြို့သစ်စီမံကိန်းသည် အများပြည်သူအတွက် အကျိုးရှိစေမည့် စိမံကိန်းတစ်ခုဖြစ်ရန် လိုအပ်သည်ဟု ရင်နှီးမြှုပ်နှံလိုသူများက ပြောဆိုကြပါသည်။
''ဖြစ်သင့်တာကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ပဲ ဖြစ်ဖြစ်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေနဲ့ အကျိုးတူပဲဖြစ်ဖြစ် ဖက်စပ်လုပ်တာက ပိုကောင်းပါလိမ့်မယ်။ ဒါမှသာ ဒီစီမံကိန်းကြောင့် မြေယာဆုံးရှုံးရမယ့် တောင်သူတွေလည်း ထိုက်တန်တဲ့ လျော်ကြေးရပါလိမ့်မယ်။ လက်သင့်ရာ စားတော်ခေါ်တဲ့ ပုံစံအတိုင်းဆိုရင်တော့ အရင်မြို့သစ်တွေလိုပဲ မြေကွက်တွေကိုပိုင်းပြီး ရောင်း၊ လမ်းဆိုတာကလည်း ဟန်ပြ၊ ရေ မရှိ၊ မီးမရှိနဲ့ နိုင်ငံတကာ အဆင့်မမီတဲ့ မြို့ပြစီမံကိန်းပဲ ဖြစ်လာပါလိမ့်မယ်'' ဟု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားပါသည်။
ယခုစီမံကိန်းသတင်းကြောင့် တံတားဦးမြို့နယ်အတွင်းမှ မြေဈေးနှုန်းများသည် နေရာအပေါ်မူတည်ပြီးတစ်ဧကလျှင်ကျပ် ၃၅ သိန်းမှ ၃၀၀ သိန်းဝန်းကျင်အထိ ရှိခဲ့ကြောင်းနှင့် စိုက်ပျိုးမြေများကို လိုက်လံဝယ်ယူသူများမှာ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်ထက် လူမျိုးခြား စီးပွား ရေးလုပ်ငန်းရှင်များမှာ ပိုမိုများပြားကြောင်း သိရသည်။

Ref:EMG