USDP ပါတီ၏ မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲ ကို မန္တလေးမြို့ တွင်ကျင်းပနေကြောင်းသိရသည်။
"သူတို့(USDP)က ပြီးခဲ့တဲ့ ဧပြီလ ရွေးကောက်ပွဲမှာ NLD ပါတီကို ရှုံးနိုမ့်ခဲ့တယ်ဆိုတာ သူတို့ပါတီကို ခေါင်းဆောင်တွေ အရည်အချင်းမရှိလို့ ရှုံးရတယ်ဆိုပြီး ဒီလို ရွေးချယ်တင်မြှောက်ပွဲ လုပ်တယ်လို့ပြောတယ်
တကယ်တမ်းကတော့ ပြည်ခိုင်ဖြိုးလို့ပြောလိုက်ရင်ကို ပြည်သူတွေက ဘယ်တုန်းကမှ အယုံအကြည်မရှိခဲ့တာပါ"ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

ဆက်လက်ပြီး မန္တလေးမြို့ခံတစ်ဦး က
"ပြည်ခိုင်ဖြိုးက ဒီလိုတွေ လုပ်နေတာက ဘာနဲ့တူလဲဆိုတော့ ထုပ်ပိုးမှု့ပြောင်းဖို့ ကြိုးစားနေတဲ့
အတွင်းထဲမှာ ပုပ်သိုးဆွေးမြေ့နေတဲ့ မုန့်ထုပ်တစ်ထုပ်နဲ့တူတယ်လို့ နားလည်ထားပါတယ်"လို့ပြောသွားပါတယ်။