Wednesday, August 22, 2012

ငြိမ်းချမ်းရေးမရသေးခြင်းနှင့် သဘာဝဘေး မြန်မာ့စီးပွားရေးအား နှောင့်နှေးစေ



မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား ပြည်တွင်း၌ ငြိမ်းချမ်းရေးမရရှိသေးမှုနှင့် သဘာဝဘေး ကျရောက်မှုများက အဓိက စိန်ခေါ်ချက်ဖြစ်နေသည်ဟုအာရှဖွံ့

ဖြိုးတိုးတက်ရေးဘဏ်(ADB)မှလက်ထောက် စီးပွားရေးဆိုင်ရာအကြီးအကဲMs. Cyn-Young Park က ပြောသည်။

သြဂုတ်လ
၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပသော ADB ဘဏ်၏ မြန်မာနိုင်ငံအပေါ်စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ အစီရင်ခံစာ အပေါ် သတင်းစာရှင်းလင်းပွဲ ပြု လုပ်ရာ၌ ၄င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် မှုကို အဓိကစိန်ခေါ်ဟန့်တားနေ တာက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းငြိမ်း ချမ်းရေး မရရှိသေးတာနဲ့ သဘာဝ ပတ်ဝန်းကျင်ယိုယွင်းပျက်စီး မှုကြောင့် ဖြစ်လာတဲ့ ရာသီဥတုပြောင်းလဲမှု ကြောင့်သဘာဝဘေး အန္တရာယ်ဒဏ် တွေကို ဆိုးရွားစွာခံနေရတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက်တဲ့အခါ မှာ ကျေးလက်နဲ့ မြို့ပြ သာတူညီမျှဖွံ့ဖြိုးရေးတွေ မလုပ် ဘူးဆိုရင် ဖွံ့ဖြိုးတိုးတက်မှုနှုန်းကွာ ခြားပြီးလက်နက်ကိုင် ပဋိပက္ခအသွင် ဖြစ်ပေါ် လာနိုင်ဖွယ်ရှိတယ်''ဟု ၄င်းက သုံးသပ်သည်။


ပြည်တွင်း၌ ငြိမ်းချမ်းရေးမရရှိ မှုသည် မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို နှေးကွေးစေရုံမျှမက ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပါ အဟန့်အတားဖြစ်စေကာ ဖွံ့ဖြိုး တိုးတက်မှုကို ဆုတ်ယုတ်စေနိုင် ကြောင်း၊ အလားတူသဘာဝပတ်ဝန်း ကျင်ပျက်စီးမှုကြောင့်နောက်ဆက်တွဲ ဖြစ်ပေါ် လာသော သဘာဝဘေး အန္တရာယ်များကိုဆုံးရှုံးမှုလျော့ပါးအောင် ဆောင် ရွက်နိုင်ခြင်း မရှိပါကလည်း ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေမည် ဖြစ်ေ ကြာင်း၊မြန်မာနိုင်ငံသည် အာရှ၌ သဘာဝဘေးအန္တရာယ် အကျရောက် ဆုံး
ဆယ်နိုင်ငံအနက် တစ်ခုအပါ အဝင်ဖြစ်ခြင်းကြောင့် သဘာဝဘေး အန္တရာယ်ကြောင့်ဖြစ်သော ဆုံးရှုံးမှု များကို အတတ်နိုင်ဆုံး လျှော့ချရန် ကြိုးပမ်းသင့်ကြောင်း ၄င်းက ထပ်မံ ပြောသည်။

''မြန်မာနိုင်ငံအနေနဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်လုပ်ဆောင်တဲ့ နေရာမှာ ဖွံ့ဖြိုးမှုကိုအနှောင့် အယှက် ဖြစ်စေမယ့်အန္တရာယ်က လေးခုရှိနေ တယ်။ အဲဒီမှာ အစိုးရအနေနဲ့ ပြုပြင် ပြောင်းလဲရေးကိုဆောင်ရွက်တဲ့အခါ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိုပါ ပူးတွဲဆောင်ရွက်ရပါမယ်။ ရာသီဥတုနဲ့သဘာဝဘေးအန္တရာယ်တွေ၊ လူဦးရေတိုးတက်မှုနှုန်းနဲ့စီးပွားရေး လုပ်ဆောင်မှုတွေအပြင်လက်နက်ကိုင် ပြည်တွင်းပဋိပက္ခ အရေးတွေကို သေချာသတိပြုဆောင်ရွက်ရမှာဖြစ်ပါ တယ်။
အဲဒါတွေကို သေချာမကိုင် တွယ်နိုင်ရင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အန္တရာယ်ရှိတယ်''ဟု၎င်းကထပ်လောင်း ပြောကြားသည်။

သူရ၊ စံကျော်(Ref:Popular Myanmar News)